နှစ်ပတ်အတွင်း ခြောက်ကြိမ်မြောက်အဖြစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း မြောက်ကိုရီးယား ပစ်ခတ်

ပြုံးယမ်း၊ အောက်တိုဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ အောက်တိုဘာ ၆ ရက်မှာ နောက်ထပ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီး ဒါဟာ သီတင်းနှစ်ပတ်အတွင်း ခြောက်ကြိမ်မြောက် ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုလည်းဖြစ်ပါတယ်။

မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုထားပါတယ်။

အောက်တိုဘာ ၄ ရက်ကလည်း မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကိုဖြတ်ကျော်ကာ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေချမှတ်တာတွေကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကာကွယ်ပေးနေကြောင်း အမေရိကန်က စွပ်စွဲပြောဆိုပါတယ်။

ဒီလိုပိတ်ဆို့အရေးယူမှုတွေကို ရုရှားနု့တရုတ်တို့ကဆန့်ကျင်ခြင်းဖြင့် မြောက်ကိုရီးယားကို အကာအကွယ်ပေးနေခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကပြောပါတယ်။

ဒါပေမယ့် ရုရှားနဲ့ တရုတ်သံအမတ်တွေကတော့ မြောက်ကိုရီးယားအရေး ဆွေးနွေးမှုတွေမြှင့်တင်ခြင်းဟာ ပြစ်ဒဏ်ပေးတာထက် ပိုမိုကောင်းမွန်ကြောင်း ပြောဆိုပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW