ကျူးဘားဒုံးကျည်အရေးနောက်ပိုင်း နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ် အမြင့်ဆုံးဖြစ်နေကြာင်း အမေရိကန်သမ္မတ သတိပေး

၀ါရှင်တန်၊ အောက်တိုဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ ကျူးဘားဒုံးကျည်အရေးပြီးနောက်ပိုင်း နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်ဟာ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အောက်တိုဘာ ၆ ရက်တွင် သတိပေးပြောဆိုလိုက်သည်။

ရုရှားဟာ ယူကရိန်းစစ်မြေပြင်မှာ အခက်အခဲတွေကြုံခဲ့ရပြီးနောက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အသုံးပြုမယ်လို့ ရုရှားသမ္မတပူတင်ရဲ့ပြောဆိုမယ်ဆိုရင် ဒါကို ဟာသမဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

ရုရှားဟာ နျူကလီးယားလက်နက်၊ ဇီ၀ သို့မဟုတ် ဓါတုလက်နက် ဟာသမဟုတ်ဘူးလို့ ပြောရတဲ့အကြောင်းကတော့ ရုရှားစစ်တပ်ရဲ့စွမ်းဆောင်ရည်ဟာ သိသိသာသာနိမ့်ပါးနေတာကြောင့်လို့ ပြောနိုင်ကြောင်း သူကဆိုပါတယ်။

၁၉၆၂ ခုနှစ်မှာ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့ဟာ သမ္မတ ဂျွန်အက်ဖ်ကနေဒီနဲ့ နီကီတာခရုရှော့ဗ် လက်ထက်က ကျူးဘားမှာ ရုရှားရဲ့နျူကလီးယားလက်နက်တွေဖြန့်ကြက်မှုနဲ့ပတ်သက်ပြီး နျူကလီးယားစစ်ပွဲဖြစ်လုနီးနီးထိ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ယူကရိန်းကို ရုရှားက နျူကလီးယားဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အလေးအနက် သတိထားသင့်ကြောင်း အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ယခင်က ထုတ်ဖော်ပြောဆိုထားခဲ့ဖူးပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW