နယူးမြောက်မြို့ကို ဒုက္ခသည်အများအပြား ၀င်ရောက်လာမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

ဝါရှင်တန်၊ အောက်တိုဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရွှေ့ပြောင်းဒုက္ခသည်အများအပြား ၀င်ရောက်လာမှုကြောင့် မြို့တော်၀န်အဲရစ်အဒမ်စ်က အောက်တိုဘာ ၇ ရက်မှာ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလကတည်းက နယူးယောက်မြို့သို့ နိုင်ငံတောင်ပိုင်းနယ်စပ်မှတဆင့် ရွှေ့ပြောင်းဒုက္ခသည်တွေ ၀င်ရောက်မှုဟာ ၁၇၀၀၀ ကျော်ထိရှိခဲ့ပါတယ်။

ဒီလိုဒုက္ခသည်တွေ မြို့ကို၀င်ရောက်လာမှုကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံကုန်ကျဖွယ်ရှိနေပြီး ဖက်ဒရယ်နဲ့ ပြည်နယ်အစိုးရ ရန်ပုံငွေတောင်းခံထားရပါတယ်။

စက်တင်ဘာလမှစပြီး ဒုက္ခသည်တွေတင်ဆောင်လာတဲ့ ဘတ်စ်ကား တစ်နေ့ကို ငါးစီးကနေ ခြောက်စီးအထိ နယူးယောက်မြို့ကို ရောက်ရှိခဲ့ကြောင်း မြို့တော်၀န် အဲရစ်အဒမ်စ်က အောက်တိုဘာ ၇ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြို့မှာ စီစဉ်ပေးထားတဲ့ ယာယီစခန်းတွေထဲမှာ နေထိုင်သူတွေထဲက ငါးဦးမှာ တဦးကတော့ လက်ရှိမှာ ခိုလှုံခွင့်တောင်းခံထားသူတွေဖြစ်ကြောင်း၊ ရောက်ရှိလာသူအများစုဟာ ကျောင်းနေအရွယ်ကလေးတွေပါတဲ့ မိသားစုတွေဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လွန်စွာလိုအပ်နေကြောင်း မြို့တော်၀န်ကပြောပါတယ်။

တက္ကဆက်၊ အရီဇိုးနားနဲ့ဖလော်ရီဒါကဲ့သို့ ရီပတ်ဘလီကန်ကြီးစိုးတဲ့ပြည်နယ်တွေဟာ ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒီမိုကရက်တစ်ကြီးစိုးတဲ့ ပြည်နယ်တွေကို မကြာသေးမီလတွေအတွင်းက ပို့ဆောင်ခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW