အင်းတော် စစ်ဆေးရေးဂိတ်မှာ ကျောက်စိမ်းအရိုင်းတုံး တန် ၅၀ ကျော် ဖမ်းမိ

အောက်တိုဘာ ၈ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့ ၊ အောင်မေတ္တာရပ်ကွက် ၊ ရွှေဘို- မြစ်ကြီးနား ကားလမ်း ၊ ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ မနေ့ အောက်တိုဘာ ၇ ရက် ၊ ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံး တန် ၅၀ ကျော် ဖမ်းမိတယ်လို့ အင်းတော်မြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ ဖမ်းမိတာပါ ၊ မြစ်ကြီးနားဘက်ကနေ ရွှေဘိုမြို့ဘက်ကိုမောင်းလာတဲ့ KBS ဆောက်လုပ်ရေးကုမ္မဏီပိုင် ၊ ဘိလပ်မြေသယ်တဲ့ ကား ၃ စီးပေါ်ကနေ ကျောက်စိမ်းတုံး တန် ၅၀ ကျော် ဖမ်းမိတာဖြစ်တယ်”လို့ ပူးပေါင်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် အင်းတော်မြို့နယ်ရဲတပ်ဖွဲ့က အဲ့ဒီကျောက်စိမ်းတုံးတွေ သယ်ယူမောင်းနှင်လာတဲ့ အောင်စိုးဝေ၊ ရဲမင်းဝင်း၊ တင်အေးထိုက်၊ ရှိန်မင်းဖြိုး၊ ဘိုဘိုသောင်း တို့ ယာဥ်မောင်း နဲ့ ယာဥ်နောက်လိုက် ၅ ဦးကို အမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်ဟာ ရွှေဘို-မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်မှာရှိပြီး ကချင်ပြည်နယ် ဖားကန့်ဒေသကနေ မန္တလေးဘက်ကို ကျောက်စိမ်းတွေ တရားမဝင်သယ်ယူတာတွေ မကြာခဏ ဖမ်းမိလေ့ရှိပေမယ့် တန်နဲ့ချီပြီး အခုဖမ်းမိတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW