နိုင်ဂျီးရီးယားမှာ ရေဘေးရှောင်လာသူတွေရဲ့ ရေယာဉ်နစ်မြုပ်လို့ ၇၆ ဦးသေဆုံး

အဘူဂျာ၊ အောက်တိုဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အနမ်ဘရာပြည်နယ်မှာ ရေယာဉ်တစီးနစ်မြုပ်မှုကြောင့် လူ ၇၆ ဦးထက်မနည်းသေဆုံးသွားပါတယ်။ လူ ၈၀ ဦးထက်မနည်းတင်ဆောင်ထားတဲ့ အဲဒီရေယာဉ်ဟာ အနမ်ဘရာပြည်နယ် အော့ဘာရူဒေသမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး သေဆုံးသူအများစုကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ သူရဲ့ ရပ်ရွယ်ဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းလာကြသူတွေဖြစ်ပြီး ရေယာဉ်ဟာ မနစ်မြုပ်မီ အင်ဂျင်ချို့ယွင်းပြီး တံတားတစင်းကို ၀င်တိုက်ခဲ့တယ်လို့ တာ၀န်ရှိသူအချို့ကပြောပါတယ်။ ဒီမတော်တဆမှုကြောင့် သေဆုံးသူတွေအတွက် လွန်စွာ၀မ်းနည်းကြောင်း သမ္မတမိုဟာမက်ဒူဘူဟာရီက ပြောပါတယ်။ နိုင်ငံတ၀န်း ရေကြောင်းပို့ဆောင်ရေး အစီအမံတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ နောက်ထပ်မတော်တဆမှုတွေမဖြစ်စေရေး စစ်ဆေးမှုတွေပြုလုပ်ဖို့ တာ၀န်ရှိသူတွေကို သူကညွှန်ကြားထားပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ၀န်ပိုတင်ဆောင်ခြင်းနဲ့ ဘေးကင်းလုံခြုံမှုအစီအမံတွေ လိုက်နာမှုအားနည်းတာကြောင့် ရေယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ Ref: BBC Photo:PR #voiceofmyanmar #VOM #အဘူဂျာ

Read More

ဧရာဝတီတိုင်းမှာ ၉ လအတွင်း ဌာနဆိုင်ရာဝန်ထမ်း အမျိုးသမီးတွေအပါအဝင် အမျိုးသမီး ၄၀ နီးပါး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၁၀-၂၀၂၂ မင်းမြတ် (VOM) ဧရာဝတီတိုင်းမှာ ယခုနှစ် ၉ လအတွင်း သေနတ်နဲ့ပစ်သတ်ခံရလို့ ဌာနဆိုင်ရာ ဝန်ထမ်း အမျိုးသမီး တွေအပါအဝင် အမျိုးသမီး အယောက် ၄ဝ နီးပါး သေဆုံးခဲ့ရတယ်လို့ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ဌာနဆိုင်ဝန်ထမ်း အမျိုးသမီးတွေ အပါအဝင် ၉ လအတွင်းမှာ အမျိုးသမီး ၃၉ ယောက် သေနတ်နဲ့ ပစ်သတ်ခံရ တာကြောင့် သေဆုံးခဲ့ရပြီး သေဆုံးခဲ့ရတဲ့ သူတွေထဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီး ၉ ဦးထက်မနည်းပါတယ်လို့ ဌာနဆိုင်ရာ ၊လူမှုကူညီရေးအဖွဲ့၊ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။ ””ကောက်ယူထားတဲ့ စရင်းအရဆို ၉ လအတွင်းမှာ အမျိုးသမီး အယောက် ၄၀ နီးပါး အသတ်ခံခဲ့ရတာ ၊ လူလတ်ပိုင်းအရွယ်တွေများတယ် ၊…

Read More

တောင်ကိုရီးယားကို နျူကလီးယားနဲ့တိုက်တဲ့ပုံစံ လေ့ကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ အောက်တိုဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ တောင်ကိုရီးယားကို နျူကလီးယား တိုက်ခိုက်မှုပုံစံအတိုင်း တုပလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယား စစ်အခြေစိုက်စခန်းတွေ၊ ဆိပ်ကမ်းတွေနဲ့လေဆိပ်စတဲ့ပစ်မှတ်တွေကို တိုက်ခိုက်ပုံမျိုးတုပလုပ်ဆောင်ခဲ့ပြီး ဒါဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့အတွက် သတိပေးချက်ဖြစ်တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်နျူကလီးယားစမ်းသပ်ပြင်ဆင်နေတယ်လို့ ထောက်လှမ်းရေး သတင်းတွေထွက်ပေါ်နေချိန်မှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ မကြာသေးခင်သီတင်းပတ်အတွင်းကလည်း မြောက်ကိုရီးယားဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်ခုနှစ်စင်းပစ်ခတ်ခဲ့ပါတယ်။ ဒုံးကျည်တွေဟာ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေသယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ပြုံးယမ်း

Read More

ဝမ်းတွင်း ရဲစခန်းမှူး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၂ SP( VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့ ၊ ဝမ်းတွင်းမြို့မရဲစခန်းမှာ ခေတ္တစခန်းမှူး တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာအရှိတဦးဟာ မနေ့ အောက်တိုဘာ ၉ ရက် ညပိုင်းက မီးထွန်းပွဲ လုံခြုံရေးကျနေရင်း ပစ်သတ်ခံရတယ်လို့ ဝမ်းတွင်း ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဖြစ်တာက မနေ့ကည ၉ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက အမှတ် ၁ ရပ်ကွက်ရုံးရှေ့က ဦးညွှန့်ဝင်း လက်ဘက်ရည်ဆိုင်ရှေ့မှာ ဖြစ်တာ ၊ မီးထွန်းပွဲ လူအုပ်ကြားထဲ ပစ်ခံရတာပါ ၊ အစ ကတော့ ဗြောက်ဖောက်တာလို့ ထင်နေတာ ၊ ဗိုလ်စော လဲကျသွားမှ သေနတ်ပစ်တာလို့ သိရတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။…

Read More

အိန္ဒိယမှာ လူ(၉)ဦးကိုက်သတ်ခဲ့တဲ့ကျားရိုင်းကို လူ၂၀၀ ကျော် တောနင်းရှာပြီး ပစ်သတ်

ဒေလီ၊ အောက်တိုဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ချန်ပါရန်မှာ လူကိုးဦးထက်မနည်းကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေက အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။ အဲဒီကျားကို ရဲတပ်နဲ့ ခရိုင်တာ၀န်ရှိသူ ၂၀၀ ကျော်က လိုက်လံရှာဖွေခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ရှာဖွေမှုတွေမှာ ဆင်တွေကိုပါ အသုံးပြုခဲ့ရကာ ကျားဟာ အသက်သုံးနှစ်အရွယ်ဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ တီ-၁၀၄ လို့သတ်မှတ်ခေါ်တွင်တဲ့ အဲဒီကျားဟာ လူသားတွေ အသက်အန္တရာယ်ကို အန္တရာယ်ပေးနိုင်တယ်လို့ သတ်မှတ်ထားတာကြောင့် အခုလိုလုပ်ဆောင်ရတာဖြစ်ကြောင်း တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအကြီးအကဲ ကူးမားဂူပတာက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်ရှိ ကျားရိုင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်ကျက်စားလျှက်ရှိပါတယ်။ တိရိုစ္ဆာန်တွေသဘာ၀အတိုင်းနေထိုင်နိုင်တဲ့ အကာကွယ်အကွယ်နယ်မြေတွေဖြစ်တဲ့ ကျားထိန်းသိမ်းရေးနယ်မြေတွေကို တိုးပွားလာတဲ့ ကျားကောင်ရေနဲ့ လိုက်လျောညီထွေ ချဲ့ထွင်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ကျားရိုင်းတွေဟာ လူသားတွေနေထိုင်ရာဒေသတွေကို လှည့်လည်ရောက်ရှိမှုတွေရှိပြီး ရံဖန်ရံခါ လူသားတွေကို…

Read More

လွယ်ဂျယ် – လားရင်း နယ်စပ်လမ်းကြောမှာ ရှန်တိန်စနစ် ထပ်တိုး သတ်မှတ်လိုက်လို့ ပိုခက်ခဲလာ

အောက်တိုဘာ ၁၀၊ ၂၀၂၂ Shy V(VOM) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ချန်းဖုန်းမြို့နယ် လားရင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် (မိုးမောက်) လွယ်ဂျယ်မြို့ရှိ နှစ်နိုင်ငံ ကုန်သွယ်ရာ လွယ်ဂျယ် – လားရင်း နယ်စပ်လမ်းကြောမှာ ရှန်တိန်စနစ် ထပ်တိုး သတ်မှတ်လိုက်လို့ ပိုခက်ခဲလာ ကြောင်း နယ်စပ် ကုန်သည် ကားသမားတွေဆီက သိရပါတယ်။ “အခုလောလောဆယ်တော့ စနေပြီ။ ၁ ပတ်လောက်တောင် ရှိပြီ။ မနှစ်တုန်းကလည်း လုပ်ပေမယ့် ငွေကြေး ကောက်ခံတာ မရှိခဲ့ဘူး။” လို့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ ဗန်းမော်ကနေ တက်လာတဲ့ ကုန်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကို ကျောက်စခန်းမှာ ကိုဗစ်ပိုးစစ်ပြီး မတက်ခင် သတင်းပို့ကာ ကားတစ်စီးကို ငွေ ၅ သိန်း အရင်သွင်းပြီးမှသာ…

Read More
VOM News

FREE
VIEW