နိုင်ဂျီးရီးယားမှာ ရေဘေးရှောင်လာသူတွေရဲ့ ရေယာဉ်နစ်မြုပ်လို့ ၇၆ ဦးသေဆုံး

အဘူဂျာ၊ အောက်တိုဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အနမ်ဘရာပြည်နယ်မှာ ရေယာဉ်တစီးနစ်မြုပ်မှုကြောင့် လူ ၇၆ ဦးထက်မနည်းသေဆုံးသွားပါတယ်။

လူ ၈၀ ဦးထက်မနည်းတင်ဆောင်ထားတဲ့ အဲဒီရေယာဉ်ဟာ အနမ်ဘရာပြည်နယ် အော့ဘာရူဒေသမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး သေဆုံးသူအများစုကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

သူရဲ့ ရပ်ရွယ်ဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းလာကြသူတွေဖြစ်ပြီး ရေယာဉ်ဟာ မနစ်မြုပ်မီ အင်ဂျင်ချို့ယွင်းပြီး တံတားတစင်းကို ၀င်တိုက်ခဲ့တယ်လို့ တာ၀န်ရှိသူအချို့ကပြောပါတယ်။

ဒီမတော်တဆမှုကြောင့် သေဆုံးသူတွေအတွက် လွန်စွာ၀မ်းနည်းကြောင်း သမ္မတမိုဟာမက်ဒူဘူဟာရီက ပြောပါတယ်။

နိုင်ငံတ၀န်း ရေကြောင်းပို့ဆောင်ရေး အစီအမံတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ နောက်ထပ်မတော်တဆမှုတွေမဖြစ်စေရေး စစ်ဆေးမှုတွေပြုလုပ်ဖို့ တာ၀န်ရှိသူတွေကို သူကညွှန်ကြားထားပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ၀န်ပိုတင်ဆောင်ခြင်းနဲ့ ဘေးကင်းလုံခြုံမှုအစီအမံတွေ လိုက်နာမှုအားနည်းတာကြောင့် ရေယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

Ref: BBC
Photo:PR
#voiceofmyanmar #VOM #အဘူဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW