ဆန္ဒပြပွဲမှာ ဖမ်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား ထောင် ၃ နှစ်ထပ်ချခံရ ၊ အားလုံးပေါင်း ထောင် ၁၀ နှစ်အထိချခံထားရ

အောက်တိုဘာ ၁၂-၂၀၂၂
VOM ( GG)

ရန်ကုန် ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubota တိုရုကူဘိုတာ ကို ဒီနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထောင် ၃ နှစ်ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁) Visa စည်းကမ်း​ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” အင်းစိန်ထောင်အထူး တရားရုံးက အမိန့်ချလိုက်တာ ၊ ၃ နှစ်ပါ။ ခုဆိုရင် သူက ၁၀ နှစ်အထိ ချခံထားရပြီပေါ့။ အရင်ရက်က ပုဒ်မ ၂ခုအတွက် အမိန့်ချခံထားရတယ် ” လို့ အင်းစိန်ထောင် နဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းဝိုင်းဆီကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း တိုရူကူဘိုတာ Toru Kubota ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅- က နဲ့ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ – ၃၃ (က) ပုဒ်မနှစ်ခုအတွက် ထောင် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

ဒါကြောင့် အခုဆိုရင် တိုရူကူဘိုတာဟာ ထောင် ၁၀ နှစ်အထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိူင်လ ၃၀ ရက်​နေ့ ည​နေပိုင်းက တောင်ဒ ဂုံမြို့နယ်၊ City Max အနီးမှာ လူ ၁၀ဦး​ကျော် ပါဝင်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုကို ဖုန်း၊ ကင်မရာနဲ့ မှတ်တမ်းတင်​နေချိန် တိုရူကူဘိုတာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Toru Kubota ဟာ မြန်မာနိုင်ငံကို ထိုင်းကနေတဆင့် ဇူလိူင်လ ၁ရက်​နေ့ မှာ Tourist Visa နဲ့ ဝင်​ရောက်ခဲ့​တာဖြစ်တယ်လို့ သိရပါတယ်။

Toru Kubota ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရဘက်ကရော ဂျပန်ပြည်သူတွေကပါ တောင်းဆိုမှုတွေရှိထားပါတယ်။

#voiceofmyanmar #VOM #ဂျပန်နိုင်ငံသားသတင်ူထောက် #ထောင်၃နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW