တစ်ကျပ်သား ၂၅ သိန်းနှုန်းနဲ့ ရွှေ ၁၂ ဒသမ ၇၇ ပိဿာ ရောင်းချပေးဖို့စီစဉ်ထားတယ်လို့ ရွှေအသင်း ပြော

အောက်တိုဘာ ၁၂ – ၂၀၂၂ SN (VOM) မီးလင်းရွှေ တစ်ကျပ်သား ၂၅ သိန်းနှုန်းနဲ့ စုစုပေါင်း ရွှေ ၁၂ ဒသမ ၇၇ ပိဿာ ရောင်းချပေးဖို့စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ အသင်းရုံးတည်ရှိရာ အမှတ် ၄၂/ ၅၀၊ ပထမထပ်၊ ရွှေဘုံသာလမ်း (အောက်)၊ ပန်းဘဲတန်းမြို့နယ်မှာ ရွှေအရောင်းပွဲတော်ပြုလုပ်ပြီး ရောင်းချပေးနေတာဖြစ်ပြီး အခု ရောင်းချပေးဖို့ သတ်မှတ်ထားတဲ့ ရွှေပိဿာချိန် မကုန်မချင်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ရောင်းပေးမှာကတော့ စုစုပေါင်း ၁၂ ဒသမ ၇၇ ပိဿာ‌ပါ။ လူတစ်ဦးကို ၁၀ သား၊ တစ်ကျပ်သားကို ၂၅ သိန်းနှုန်းနဲ့ ရောင်းပေးတာပါ။ ဒီနေ့ ရောင်းလို့ ကျန်တဲ့ဟာကို မနက်ဖြန်ရောင်းပေးမယ်။ အခု ရောင်းပေးနေတာက အပြင်ဈေးနဲ့…

Read More

ဆန္ဒပြပွဲမှာ ဖမ်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား ထောင် ၃ နှစ်ထပ်ချခံရ ၊ အားလုံးပေါင်း ထောင် ၁၀ နှစ်အထိချခံထားရ

အောက်တိုဘာ ၁၂-၂၀၂၂ VOM ( GG) ရန်ကုန် ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubota တိုရုကူဘိုတာ ကို ဒီနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထောင် ၃ နှစ်ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁) Visa စည်းကမ်း​ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” အင်းစိန်ထောင်အထူး တရားရုံးက အမိန့်ချလိုက်တာ ၊ ၃ နှစ်ပါ။ ခုဆိုရင် သူက ၁၀ နှစ်အထိ ချခံထားရပြီပေါ့။ အရင်ရက်က ပုဒ်မ ၂ခုအတွက် အမိန့်ချခံထားရတယ် ” လို့ အင်းစိန်ထောင် နဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းဝိုင်းဆီကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း တိုရူကူဘိုတာ Toru Kubota…

Read More

ရေနံလျှော့ထုတ်မယ့် ဆုံးဖြတ်ချက်ကြောင့် ဆော်ဒီနဲ့ဆက်ဆံရေး ပြန်သုံးသပ်မယ်လို့ အမေရိကန်ပြော

ဝါရှင်တန်၊ အောက်တိုဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံများ(အိုပက်)နဲ့ မဟာမိတ်နိုင်ငံတွေက ရေနံထုတ်လုပ်မှုလျှော့ချဖို့ မကြာသေးမီက ဆုံးဖြတ်ပြီးနောက် ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြန်လည်သုံးသပ်ဖို့ ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်ထိပ်တန်းတာ၀န်ရှိသူတဦးက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။ နိုင်ငံတော်အကျိုးစီးပွားအတွက် အမေရိကန်အနေဲ့ ဆော်ဒီအာရေဗျနဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်သင့်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ယုံကြည်နေကြောင်း အမျိုးသားလုံခြုံရေးကောင်စီရဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီကပြောပါတယ်။ ဆော်ဒီအာရေဗျက အဓိကဦးဆောင်နေတဲ့ အိုပက်နဲ့ မဟာမိတ်နိုင်ငံတွေဟာ နို၀င်ဘာလမှစပြီး တရက်ကို ရေနံစည်ပေါင်းနှစ်သန်းလျှော့ချထုတ်လုပ်ဖို့ ယခုလအစောပိုင်းမှာ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုရေနံထုတ်လုပ်မှုလျှော့ချခြင်းကြောင့် ရေနံစျေးတွေတက်လာမှာဖြစ်ပြီး ရေနံတင်ပို့မှုမှတဆင့် ရုရှားရဲ့ ၀င်ငွေတိုးပွားလာနိုင်ခြေရှိပါတယ်။ ရေနံတိုးမြှင့်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ဆော်ဒီအာရေဗျကို ဇူလိုင်လမှာ သွားရောက်ခဲ့ပါတယ်။ အိုပက်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ရေနံထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီအာရေဗျသို့ အမေရိကန်ကလက်နက်ရောင်းချမှုအပေါ် ပြန်လည်သုံးသပ်ဖို့ အမေရိကန်ဒီမိုကရက်တစ်ပါတီ၀င်အချို့က တောင်းဆိုနေကြပါတယ်။ Ref: NHK Photo: Reuters…

Read More

ဧရာဝတီတိုင်းက ကမ်းခြေ ၃ ခုမှာ ၉ လအတွင်း ခရီးသွားဧည့်သည် ၅ သိန်းကျော်ရှိခဲ့ပြီး အရင်နှစ်ထက် ခရီးသည် ၁ သိန်းကျော် ပိုဝင်တယ်လို့ သိရ

အောက်တိုဘာ၊ ၁၂-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းထဲက ငွေဆောင်၊ ရွှေသောင်ယံနဲ့ ချောင်းသာကမ်းတို့ကို ယခုနှစ် ၉ လအတွင်းပြည်တွင်းနဲ့ ပြည်ပ ခရီးသွားဧည့်သည် ဦးရေ ၅ သိန်းကျော်ဝင်ရောက်ခဲ့ပြီး အရင်နှစ်တွေထက် ခရီးသည် တစ်သိန်းကျော် ပိုမိုဝင်ရောက်ခဲ့တယ်လို့ ဧရာဝတီတိုင်း ၊ ဟိုတယ်နဲ့ခရီးသွား ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ကမ်းခြေ ၃ ခုကို ပြည်တွင်း၊ပြည်ပဧည့်သည်တွေဝင်ရောက်မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်က ခရီးသွားဧည့်သည် ဦးရေ ၂ သိန်း ၆ သောင်းကျော် ၊ ၂၀၂၁ခုနှစ်က ခရီးသည် ၄ သိန်းနဲ့ ယခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ခရီးသည် ၅၃၀၄၇၂ ဦးဝင်ရောက်ခဲ့တယ်လို့ သိရပြီး အဲ့ဒီ့ အထဲမှာ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၃၉၄၈ လည်းပါတယ်လို့ သိရပါတယ်။ ”ဧည့်သည် ဝင်ရောက်မှုကတော့ တက်လာတယ် ၊ လက်ရှိ ပွင့်လင်းရာသီရောက်လာတော့…

Read More

လာမယ့်နှစ်အတွင်း ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်းမယ်လို့ အိုင်အမ်အက်ဖ် သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာတ၀န်းမှာ ငွေကြေးဖောင်းပွမှုနဲ့ အခြားသောအခြေအနေတွေကြောင့် လာမယ့်နှစ်မှာ ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်း နေဦးမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က သတိပေးထုတ်ပြန်ပါတယ်။ ကမ္ဘာ့စီးပွားရေး အလားအလာနဲ့ပတ်သက်ပြီး အိုင်အမ်အက်ဖ်က အောက်တိုဘာ ၁၁ ရက်မှာ အစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ စီးပွားရေးဆုတ်ယုတ်မှုနဲ့ ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လာမယ့်နှစ်အတွင်း စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ဇူလိုင်လမှာ ခန့်မှန်းထားတာထက် သုည ဒသမ ၂ ရာခိုင်နှုန်းလျှော့ချကာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိမယ်လို့ အိုင်အမ်အက်ဖ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို စီးပွားရေးကျဆင်းမှုဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုနဲ့ ကာလရှည် ငွေကြေးဖောင်းပွဲမှုဖြစ်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လူနေမှုစရိတ်တွေ ကြီးမြင့်လာခြင်းကြောင့်လို့ အိုင်အမ်အက်ဖ်ကဆိုပါတယ်။ စီးပွားရေးအင်အားကြီး အမေရိကန်၊ တရုတ်နှင့် ဥရောပနိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှု နှေးကွေးနေဦးမှာဖြစ်ပြီး အဆိုးဆုံးအခြေအနေမရောက်သေးပေမယ့် ၂၀၂၃ ခုနှစ်မှာ…

Read More

သူရဦးရွှေမန်း တည်ထောင်ခဲ့တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UPB)ကို ဖျက်သိမ်း

အောက်တိုဘာ ၁၂-၂၀၂၂ KK(VOM)+KT(VOM) သူရဦးရွှေမန်း ဦးဆောင်တည်ထောင်ထားတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့ ဗဟိုအလုပ်အမှုဆောင်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပါတီခေါင်းဆောင်တွေအနေနဲ့ အသက်အရွယ်ကြီးရင့် လာကြပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနဲ့ အခြားအခက်အခဲများရှိပြီး ပါတီနိူင်ငံရေးကို ဆက်လက်လုပ်ဆောင်ရန်ဆန္ဒမရှိခြင်းကြောင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့က ဖျက်သိမ်းဖို့သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ ပါတီခေါင်းဆောင်တဦးက VOM ကို ပြောပါတယ်။ “မနေ့ကပဲ စာတင်လိုက်တာပါ ဖျက်သိမ်းရတာက ခေါင်းဆောင်က အသက်အရွယ်လည်း ကြီးနေပြီ၊ ပါတီတစ်ခုတည်ထောင်တယ်ဆိုတာ ငွေကြေးကလည်း လိုအပ်တယ်၊ အခြားပါတီတွေလို စီးပွားရေးအင်အားတောင့်တင်းခိုင်မာမှုမရှိဘူး၊ ပါတီဝင်တွေအနေနဲ့လည်း ငွေကြေးတက်နိုင်စွမ်းမရှိဘူး၊ အစစအရာရာတွေးပြီးတော့ ဖျက်သိမ်းလိုက်တာပါ”လို့ သူကရှင်းပြပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဟာ လက်တလောနိူင်ငံရေးအခြေအနေအရ လုပ်သင့်တာကို လုပ်လိုက်တာလို့ ပြည်ခိုင်ဖြိုးပါတီက အမည်မဖော်လိုသူ ကိုယ်စားလှယ်ဟောင်းတဦးက VOM ကိုပြောပါတယ်။ “ကိုရွှေမန်းတို့ပါတီဖျက်သိမ်းလိုက်တာ စိတ်ထဲမကောင်းပေမယ့် လက်တလော နိူင်ငံအခြေအနေနဲ့ပြန်တွက်ရင် မှန်ကန်တယ်လို့မြင်တယ်၊ ရွေးကောက်ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာမသိဘူး၊ အဲ့ဒီဒုက္ခတွေ…

Read More

အသက် ၉၇ နှစ်အရွယ် မလေးရှား၀န်ကြီးချုပ်ဟောင်း မဟာသီယာ ရွေးကောက်ပွဲ၀င်မယ်လို့ ကြေညာ

ကွာလာလမ်ပူ၊ အောက်တိုဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) အသက် ၉၇ နှစ်ရှိနေပေမယ့်လည်း ကမ္ဘာ့ဝါရင့်နိုင်ငံရေးသမားတွေထဲက တဦးဖြစ်သူ မလေးရှား၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ မလေးရှားအထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း မဟာသီယာဟာ အတိုက်အခံမဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် မြောက်ပိုင်းမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မဟာမိတ်အဖွဲ့အနိုင်ရရှိပါက ၎င်း၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခြင်းမပြုမပြုကိုတော့ သူကထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ရွေးကောက်ပွဲမှာအနိုင်ရရှိမှာသာ ၀န်ကြီးချုပ်ဖြစ်ခွင့်ရှိတာကြောင့် ဘယ်သူ ၀န်ကြီးချုပ်ဖြစ်လာမယ်ဆိုတာကို အဖွဲ့အနေနဲ့ ဆုံးဖြတ်ထားခြင်းမရှိကြောင်း မဟာသီယာက ပြောပါတယ်။ မဟာသီယာဟာ ၁၉၈၁ ခုနှစ်ကစပြီး မလးရှား၀န်ကြီးချုပ်အဖြစ် ၂၂ နှစ်ကြာတာ၀န်ထမ်းဆောင်ခဲ့ကာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ခဲ့ပါတယ်။ အငြိမ်းစားယူပြီးနောက် ၂၀၁၈ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပေမယ့် နှစ်နှစ်အကြာမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ ယခုနှစ်ဇန်နဝါရီလမှာ နှလုံးခွဲစိတ်မှုခံယူခဲ့ပေမယ့် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။ လက်ရှိ၀န်ကြီးချုပ် အစ္စမေးလ်ဆာဘရီဟာ ပါလီမန်ကို…

Read More

ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ် ပစ်ခံရပြီး ၃ ယောက်သေ၊ ၁၃ ယောက်ဒဏ်ရာရ

အောက်တိုဘာ ၁၂-၂၀၂၂ GG(VOM) ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်၊ ကင်မွန်းစခန်း ပစ်ခတ်ခံရပြီး ၃ ယောက်သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့ဆီကသိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေဟာ ကားဂိတ်က လူတွေပါသလို ဘုရားဖူးပြည်သူတွေ ဖြစ်ကြောင်း၊အားလုံးကို ကျိုက်ထိုဆေးရုံ ပို့ဆောင်ထားတယ်လို့ ကနဦးသိရပါတယ်။ “ဒီနေ့မနက် ဖြစ်တာ သေဆုံး ၃ယောက်၊ ဒဏ်ရာရ ၁၃ ယောက်ရှိတယ်။ဒီလိုဖြစ်လို့ လာကူပေးပါဆိုလို့မြို့ပေါ်အဖွဲ့တွေပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေတာပါ။ ဒဏ်ရာရတာ မ ၈ ယောက်၊ကျား ၅ ယောက် ၊ ကားနောက်လိုက်တဲ့ စပယ်ယာတွေ ပါတယ်၊ဘုရားလာဖူးသူတွေပါတယ်”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ကျိုက်ထိုအခြေစိုက်ပရဟိတအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်စခန်းမှာ လုံခြုံရေးရယူနေတဲ့ စစ်တပ်ကို ဒီနေ့မနက်ပိုင်းမှာ ၄၀ မမနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး အဲ့ဒီပစ်ခတ်မှုကြောင့် ဘုရားဖူးသူတွေနဲ့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။ ”…

Read More

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၂မှုနဲ့ ထောင် ၃ နှစ် ထပ်ချခံရ

အောက်တိုဘာ ၁၂-၂၀၂၂ KT(VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ​ လာဘ်ယူတယ်ဆိုပြီးစွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တဲ့ အဂတိအမှု၂မှုအတွက် ထောင်ဒဏ် ၃နှစ်စီ ထပ်ချမှတ်ခံလိုက်ရတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဂတိအမှု ၂ မှုအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်နဲ့ နှစ်မှု ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ထောင်ဝင်စာပစ္စည်းတချို့ ပေးအပ်ခွင့်ရ​တယ်လို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့အမိန့်ချမှတ်ခံထားရတာတွေနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာပြီး နောက်ထပ် အဂတိအမှု ၅မှုကိုလည်း နေပြည်တော်အချုပ်ထောင် အတွင်းတရားရုံးမှာ ဆက်လက်ရင်ဆိုင်ဖို့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည်…

Read More

မိုးစပါးပေါ်လို့ ဆန်စျေးကျဆင်းလာတာကြောင့် တက်စျေးမိထားတဲ့ ကုန်သည်တွေ အ​ရှုံးနဲ့ ရင်ဆိုင်နေရ

‌အောက်တိုဘာ ၁၂ – ၂၀၂၂ SN (VOM) မိုးစပါးတွေ စျေးကွက်ထဲ ဝင်လာတဲ့အတွက် ဆန်စျေးနှုန်း အနည်းငယ် ကျဆင်းလာတာကြောင့် တက်စျေးနဲ့ ဝယ်ယူထားရတဲ့ကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဆန်ဈေးကွက်မှာ စားသုံးမှု အများဆုံးဖြစ်တဲ့ ဧည့်မထ တစ်အိတ် ၄၃၅၀၀ ကျပ်ဝန်းကျင်၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ် ၆၅၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၉၀၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ “ဈေးကွက်ထဲ ဆန်အသစ်တွေ ဝင်လာလို့ ဈေးတွေကျနေတာပါ။ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြား ဈေးကျလာတယ်။ ဈေးက ဆက်ပြီးတော့လည်း ကျဖို့ရှိနေတယ်။ အခုအခြေအနေအရတော့ အရှုံးဘက်မှာပေါ့။ တက်စျေးနဲ့မိထားတဲ့ဟာတွေက အခုစျေးကျနေတော့ ပြန်ချရောင်းတော့ ရှုံးတယ်။ စျေးအတက်အကျကို ချိန်ညှိရောင်းနေရတာပေါ့”လို့…

Read More
VOM News

FREE
VIEW