ယူကရိန်းအတွက် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့မယ်လို့ နေတိုးနဲ့မဟာမိတ်တွေ ကြေညာ

ဘရယ်ဆဲလ်၊ အောက်တိုဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနယ်မြေတွေကို ရုရှားက ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက်မှာ ယူကရိန်းအတွက် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့ထောက်ပံ့မယ်လို့ နေတိုးနဲ့မဟာမိတ်နိုင်ငံတွေက ကြေညာပါတယ်။

ဗြိတိန်၊ ကနေဒါ ၊ ပြင်သစ်နဲ့ နယ်သာလန်တို့က ထောက်ပံ့ပေမယ်လို့ ကတိပြုထားတဲ့လက်နက်တွေထဲမှာ ဒုံးကျည်တွေနဲ့ ရေဒါစနစ်တွေပါ၀င်ပါတယ်။ အမေရိကန်ကလည်း အစောပိုင်းကတည်းက အလားတူကတိပြုထားပါတယ်။

ဂျာမနီရဲ့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုက ယူကရိန်းမှာရှိနှင့်နေပြီးဖြစ်ပါတယ်။နိုင်ငံပေါင်း ၅၀ မှ ယူကရိန်းရဲ့မဟာမိတ်တွေဟာ ဘရပ်ဆဲလ်မှာရှိတဲ့ နေတိုးဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ယူကရိန်းအတွက် ထောက်ပံ့မှုတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။

ယူကရိန်းကတော့ ဒီအစည်းအဝေးမှာ သမိုင်း၀င်ဖြစ်တယ်လို့ ချီးကျူးပြောဆိုပါတယ်။

အစည်းအဝေးပြီးနောက် နာရီအနည်းငယ်အကြာ ဒီနေ့ အောက်တိုဘာ ၁၃ ရက်အစောပိုင်းမှာတော့ ယူကရိန်းတောင်ပိုင်း Mykolaiv မြို့ကို လက်နက်ကြီးတွေနဲ့ ရုရှားကပစ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေဟာ ယူကရိန်းကို ရုရှားရဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်ပြီး ပထမဆုံးတိုက်ခိုက်တဲ့နေ့မှာတင် လူ ၁၉ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:UAF
#voiceofmyanmar #VOM #ဘရယ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW