တရုတ်သမ္မတရှီကျင်းပင် နှုတ်ထွက်ပေးဖို့ ပေကျင်းမှာ ဆန္ဒပြမှုဖြစ်ပွား

ပေကျင်း၊ အောက်တိုဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ သမိုင်း၀င်ကွန်ဂရက်မကျင်းပမီ ရက်အနည်းငယ်အလိုမှာ သမ္မတရှီကျင်းပင်နဲ့ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအပေါ် ဆန့်ကျင်ဆန္ဒပြမှု အောက်တိုဘာ ၁၃ ရက်မှာ ရှားရှားပါးပါး ဖြစ်ပွားခဲ့ပါတယ်။

ပေကျင်းမြို့အနောက်ဘက်ရှိ တံတားတခုပေါ်မှာ ဆန္ဒပြကန့်ကွက်တဲ့ စာတန်းနှစ်ခုကို ချိတ်ဆွဲထားတာကို တွေ့ရှိရပြီး ဆန္ဒပြမှုကို အာဏာပိုင်တွေက အလျင်အမြန် ဟန့်တားလိုက်ဖွယ်ရှိပါတယ်။

အဲဒီနေရာမှာ မီးခိုးလုံးတွေထူထွက်စွာ ထွက်ပေါ်လာပြီး လူတဦးက ရှီကျင်းပင်နှုတ်ထွက်ရေးအပါအ၀င် ကြွေးကြော်သံ ကျယ်လောင်စွာအော်ဟစ်နေတာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်ကိုကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၂၃၀၀ တက်ရောက်မှာဖြစ်ပါတယ်။

သမ္မတရှီကျင်းပင်ဟာ ဆယ်စုနှစ်များစွာရှိနေတဲ့ အစဉ်အလာကိုချိုးဖောက်ပြီး သူ့ရဲ့အာဏာကို ခိုင်ခိုင်မာမာဆုတ်ကိုင်ထားကာ သမ္မတအဖြစ် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်နေဖွယ်ရှိပါတယ်။

ကွန်မြူနစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်မတိုင်မီ မြို့တော်ပေကျင်းမှာ တင်းကြပ်တဲ့လုံခြုံရေးအစီအမံတွေနဲ့ ကိုဗစ်ကန့်သတ်ချက်တွေချမှတ်ထားတဲ့ အပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

အာဏာပိုင်များတွေဟာ မြို့တွင်းသို့ သွားလာခွင့်ကိုတင်းကြပ်ထားပြီး ခရီးသွားတွေ၀င်ရောက်မှုနဲ့ မွေးရပ်ဇာတိပြန်လာကြသူတွေကိုလည်း ပိတ်ပင်ထားကာ ကိုဗစ်ကန့်သတ်ချက်တွေအဖြစ် သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ထားပြီး ကွာရန်တင်း၀င်ဖို့ တွန်းအားပေးမှုတွေလည်းရှိနေပါတယ်။

Ref: BBC
Photo:Twitter
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW