ရုရှားစစ်တပ်လေ့ကျင်ရေးကွင်းမှာ သေနတ်သမားတွေ ၀င်ရောက်ပစ်ခတ်မှု ၁၁ ဦးသေဆုံး

မော်စကို၊ အောက်တိုဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားစစ်တပ်လေ့ကျင့်ရေးကွင်းမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၁ဦး သေဆုံးသွားတယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းမှာ တိုက်ပွဲ၀င်မယ့် စေတနာ့၀န်းထမ်း စစ်မှုထမ်းမယ့် သူတွေကို ယူကရိန်းနဲ့ထိစပ်နေတဲ့ ဘယ်လ်ဂိုရော့ဒေသမှာ သေနတ်ပစ်လေ့ကျင့်ပေးနေစဉ် သေနတ်သမားနှစ်ဦးက အောက်တိုဘာ ၁၅ ရက်မှာ ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သေနတ်သမားတွေဟာ ယခင်ဆိုဗီယက်နိုင်ငံတခုက ဖြစ်ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ အထူးစစ်ဆင်ရေးမှာ ပါ၀င်လိုသူတွေကို သေနတ်ပစ်လေ့ကျင့်နေချိန်မှာ အကြမ်းဖက်သမားတွေက လက်နက်ငယ်တွေနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး လူ ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယူကရိန်းတိုက်ပွဲမှာ စစ်မှုထမ်းဖို့ လူ၃သိန်းကို ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ့လမှာ ဆင့်ခေါ်တဲ့အမိန့်ထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ကြောင့် ရုရှားနိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW