အင်္ဂပူမှာ စာသင်ကျောင်း မီးလောင်မှုဖြစ်ပွားပြီး ငွေကျပ် သိန်း၅၀၀နီးပါး ဆုံးရှုံးခဲ့

အောက်တိုဘာ၊ ၁၆ -၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းမှာရှိတဲ့ အခြေခံပညာ အ-ထ-က (အင်္ဂပူ) စာသင်ကျောင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်မနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားလို့ ငွေကျပ် သိန်းပေါင်း ၄၉၀ ကျော်တန်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးးတ်ဦးစီးဌာနကနေ သိရပါတယ်။ အ-ထ-က (အင်္ဂပူ)စာသင်ကျောင်း Grade-8 (A) ခန်းမှာရှိတဲ့ လျှပ်စစ်မီးပလပ်ခုံဝါယာရှော့ခ်ဖြစ်ကာ စတင် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့ အချိန် ဟာ လူအများ အိပ်နေတဲ့ချိန်ဖြစ်တာကြောင့် ဆုံးရှုံးမှုများသွားတာဖြစ်တယ်လို့ သိရပါတယ်။ ”မနက် ၃နာရီခွဲလောက်မှာ မီးငြိမ်းသွားတာ ၊ လူတွေအိပ်နေတဲ့အချိန် မီးစလောင်တာဆိုတော့ မီးလောင် လောင်ချိန် ဘယ်သူမှ မသိလိုက်လို့ မီးလောင်တာများသွားတာ ၊ဆုံးရှုံးတာကလည်းများသွားတယ်။”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။ မီးလောင်မှုကြောင့် အ-ထ-က…

Read More

ဒေးဒရဲမှာ ရုတ်တရက်လေပြင်းတိုက်လို့ သစ်ပင်လဲကျတာကြောင့် ၉ လအရွယ် ကလေး ၁ဦးအပါအဝင်လူ ၃ ဦး သေဆုံး

အောက်တိုဘာ ၊ ၁၆ -၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်က ဘုရားချောင်းကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်က ရုတ်တရက် မိုးရွာလေပြင်း တိုက်ခတ်တာကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျလို့ အိမ်ထဲမှာရှိတဲ့ ၉ လအရွယ် ကလေး ၁ ယောက် အပါအဝင် မိခင်နဲ့ ကလေး ၂ ယောက်သေဆုံးသွား တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တွေဆီကနေ သိရပါတယ်။ မိနစ် ၅၀ နီးပါး ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်တာကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးအိမ်ပေါ်ကို အိမ်ဘေးမှာရှိတဲ့ သစ်ပင်လဲကျလို့ အိမ်ထဲမှာ အိပ်နေတဲ့ အမေဖြစ်သူဒေါ်တင်ဇာမော်နဲ့ အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် ၊…

Read More

ရုရှားစစ်တပ်လေ့ကျင်ရေးကွင်းမှာ သေနတ်သမားတွေ ၀င်ရောက်ပစ်ခတ်မှု ၁၁ ဦးသေဆုံး

မော်စကို၊ အောက်တိုဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားစစ်တပ်လေ့ကျင့်ရေးကွင်းမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၁ဦး သေဆုံးသွားတယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းမှာ တိုက်ပွဲ၀င်မယ့် စေတနာ့၀န်းထမ်း စစ်မှုထမ်းမယ့် သူတွေကို ယူကရိန်းနဲ့ထိစပ်နေတဲ့ ဘယ်လ်ဂိုရော့ဒေသမှာ သေနတ်ပစ်လေ့ကျင့်ပေးနေစဉ် သေနတ်သမားနှစ်ဦးက အောက်တိုဘာ ၁၅ ရက်မှာ ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားတွေဟာ ယခင်ဆိုဗီယက်နိုင်ငံတခုက ဖြစ်ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ အထူးစစ်ဆင်ရေးမှာ ပါ၀င်လိုသူတွေကို သေနတ်ပစ်လေ့ကျင့်နေချိန်မှာ အကြမ်းဖက်သမားတွေက လက်နက်ငယ်တွေနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး လူ ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယူကရိန်းတိုက်ပွဲမှာ စစ်မှုထမ်းဖို့ လူ၃သိန်းကို ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ့လမှာ ဆင့်ခေါ်တဲ့အမိန့်ထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ကြောင့် ရုရှားနိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #မော်စကို

Read More

စားအုန်းဆီဈေး တစ်ပိဿာ ကျပ် ၆၀၀၀ ကျော်ဝန်းကျင် ရောက်ရှိလာ

အောက်တိုဘာ ၁၆ – ၂၀၂၂ SN (VOM) ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ပြည်တွင်း စားအုန်းဆီဈေးဟာ လက်ရှိမှာ တစ်ပိဿာ ကျပ် ၆၀၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီက အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို တစ်ပိဿာ ၃၈၈၀ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတဲ့အတွက် ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ကျပ် ၃၀၀၀ ကျော် ကွာဟနေပါသေးတယ်။ “သူတို့ ဘယ်လိုပဲ ထုတ်ပြန်၊ ထုတ်ပြန်။ ဈေးနှုန်းတွေ ဘယ်လိုပဲ လျှော့ချ သတ်မှတ်နေပါစေ။ အပြင်ဈေးကတော့ သူတို့သတ်မှတ်တဲ့ဈေးအတိုင်း ဘယ်တော့မှ ထပ်တူညီဖို့မပြောနဲ့၊ မတိမ်းမယိမ်းအဆင့်တောင် မရှိဘူး။ သူတို့ပြောတဲ့ဈေးအတိုင်း မရောင်းရင်…

Read More

‘ဓန’ရှိလို့ ပါတီထောင်တာမဟုတ် ‘ဇ’ ရှိလို့ ပါတီထောင်တာဆိုတဲ့ ပြည်သူ့ပါတီ

အောက်တိုဘာ ၁၅-၂၀၂၂ KT(VOM) Photo – VOM ဓနရှိလို့ ပါတီထောင်တာမဟုတ် ဇ ရှိလို့ ပါတီထောင်တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်း နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာပြုလုပ်တဲ့ ပြည်သူ့ပါတီဆိုင်းဘုတ်တင်ပွဲနဲ့ ရုံးခန်းဖွင့်ပွဲအခမ်းအနားမှာ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး အမှာစကားပြောကြားချိန် ပြောကြားခဲ့တာဖြစ်ပါတယ်။ “နိုင်ငံတော်အုပ်ချုပ်ရေးရုံးစိုက်တဲ့နေရာမှာ ပြည်သူ့ပါတီရဲ့ရုံးခန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ၊ အရင်က ပြည်ထောင်စုနယ်မြေ မြို့နယ်အသီးသီးမှာ ရုံးခန်းတွေဖွင့်လှစ်ထားပေမယ့် နိုင်ငံရေးမုန်တိုင်းပြင်းထန်တဲ့အချိန်မှာ ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေးအပေါ်မှာ ယုံကြည်မှုကျဆင်းလာတာကို ကျွန်တော်တို့ မြင်တွေ့လာရပါတယ်၊ဒါပေမယ့် ပြည်သူပါတီဟာ မုန်တိုင်းဒဏ်တွေကြားထဲမှာ ဘာကြောင့် အခုချိန်ထိ ကြံ့ကြံ့ခံရပ်တည်နေတာလဲလို့ပြောရင် သိသာထင်ရှားတဲ့အချက်ကိုပြောမယ် ပြည်သူ့ပါတီဟာ ဓနရှိလို့ရပ်တည်နေတာမဟုတ်ဘူး၊ဇ ရှိလို့ရပ်တည်နေတာဖြစ်ပါတယ်၊ နိုင်ငံရေးသမား၊နိုင်ငံရေးပါတီမှာ နိုင်ငံရေး ဇ ဆိုတာ အင်မတန်အရေးကြီးပါတယ်၊ကျွန်တော်တို့ဟာ မီးပြင်းတိုက်တာတွေခံခဲ့ရတယ်၊မုန်တိုင်းဒဏ်တွေခံရတယ်၊ခြိမ်းခြောက်မှုတွေအမျိုးမျိုးရှိခဲ့ပါတယ်၊ ရှစ်လေးလုံးနိုင်ငံရေး စလုပ်စဥ်ကနိုင်ငံရေးလုပ်ရင် မင်းဘာဖြစ်မလဲ? လွှတ်တော်ကိုယ်စားလှယ်ဖြစ်မလား၊ဝန်ကြီးဖြစ်မလား၊ဆိုတဲ့မျှော်လင့်ချက်တွေဝေလာဝေး၊ နိုင်ငံရေးလုပ်ရင်ဘယ်နားနေမှန်းမသိတဲ့ ရေကြည်အိုင်ဆိုတာ ကြားဖူးတယ်၊ ကျွန်တော်တို့ရဲ့နောင်တော့် နောင်တော်တွေ ကျောင်းသားခေါင်းဆောင်တွေ…

Read More

ရခိုင်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီတွေ ပြတ်လပ်နေ

အောက်တိုဘာ ၁၅- ၂၀၂၂ SW (VOM) ရခိုင်ပြည်နယ်အတွင်း ရာနဲ့ချီတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီတွေ မရရှိကြတာ ၃ လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်းနဲ့ စစ်ဘေးရှောင်တွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ မရောက်တာလည်း လနဲ့ချီကြာမြင့်လာတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်၊ စေတီပြင် စစ်ဘေးရှောင်စခန်းမှာဆိုရင် စားနပ်ရိက္ခာအကူအညီတွေမရတာကြောင့် စားဝတ်နေရေးကျပ်တည်းနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။ “စားနပ်ရိက္ခာကတော့ အရမ်းခက်ခဲနေပါတယ်။ အခွင့်အရေးရှိမယ်ဆိုရင် ဒီနေရာကို လာရောက်ကူညီပေးစေချင်ပါတယ်။ ICRC က အကူအညီတွေမရတာ ၃ လလောက်ရှိပါပြီ။ လူကယ်ပြန်ဌာနက မရတာတော့ ၅ လလောက်ရှိပြီ၊ အဲဒီလို စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့် ချေးငှားစားသောက်ရတာတွေလည်း ရှိနေတယ်၊ မိသားစု တစ်စုက သမီးလေးတစ်ယောက်မှာ နားကပ်လေးရှိတယ်ဆိုရင် အဲဒါပေါင်နှံပြီး ဆန် ၁တောင်းရတယ်။ ပြီးရင် ရွာထဲမှာ…

Read More

ဧရာဝတီတိုင်းက ငါးရံ့ခြောက်တွေကို ပြည်ပ တင်ပို့နေပေမယ့် ငါးမျိုးပွားနှုန်း လျော့နည်းလာလို့ ပုံမှန် မတင်ပို့နိုင်တော့

အောက်တိုဘာ၊ ၁၅-၂၀၂၂ မင်းမြတ်(VOM) တစ်နှစ်ထက်တစ်နှစ် ငါးမျိုးပွားနှုန်း လျော့နည်းလာပြီး ငါးရံ့ရှားပါးလာတာကြောင့် ငါးခြောက်ထွက်ကုန်ပါလျော့နည်းလာလို့ နိုင်ငံခြား တင်ပို့နေရတဲ့ ဧရာဝတီတိုင်း ဒေသထွက် ငါးရံ့ခြောက်တွေမှာ ဈေးကွက်ရှိပေမယ့်လည်း ပုံမှန်တင်ပို့နိုင်ခြင်းမရှိဖြစ်နေ တယ်လို့ ဧရာဝတီတိုင်းက ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်း ဒေသထွက်ငါးရံ့ခြောက်တွေ ပြုလုပ်ဖို့ ငါးရံ့တွေကို ဘိုကလေးမြို့နယ် ၊မော်လမြိုင်ကျွန်းမြို့နယ်၊ မအူပင်မြို့နယ် ၊ ကျိုက်လတ်မြို့နယ် ၊ ပန်းတနော် မြို့နယ်တွေက ရေချိုအင်းအိုင်တွေမှာ အများဆုံးရရှိတာဖြစ်တယ်လို့ သိရပါတယ်။ ငါးရံ့ငါးတွေ သားပေါက်ချိန် စပါးစိုက်ခင်းတွေမှာ ပိုးသတ်ဆေးဒဏ်တွေကို ခံရခြင်း ၊ဘက်ထရီရှော့ခ်တိုက်ပြီး ငါးဖမ်းခြင်း ၊ ရေချိုအင်းများ ရှားပါးလာခြင်း စတဲ့အခြေအနေတွေကြောင့် ငါးရံ့မျိုးပွားရှင်သန်နိုင်မှု လျော့နည်းလာပြီး တစ်နှစ်ထက်တစ်နှစ် ငါးရံ့အကောင်ရေ လျော့နည်းလာတယ်လို့ သိရပါတယ် ။ “ကျွန်မတို့ မြန်မာတွေက ငါးခြောက်ဖုတ်ကို ဆီဆမ်းပြီး ထမင်းနဲ့ စားကြတယ် ၊…

Read More

ရခိုင်ပြည်မြောက်ပိုင်း၊ချင်းပြည်နယ်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတို့မှာ ခရီးသွားလာလို့ အဆင်မပြေနိုင်သေး

အောက်တိုဘာ ၁၅ – ၂၀၂၂ SN (VOM) ဒေသတွင်း တည်ငြိမ်မှုမရှိတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတို့မှာ ခရီးသွားလာလို့ အဆင်မပြေနိုင်သေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ လက်ရှိမှာ အဲ့ဒီ့နေရာတွေကို ပြည်ပခရီးသွားဝင်ရောက်ခွင့် ပိတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြည်တွင်းခရီးသွားတွေအနေနဲ့လည်း လုံခြုံရေး အခြေအနေအရ သွားလာခြင်း မရှိဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “သက်ဆိုင်ရာဌာနတွေက တရားဝင်ထုတ်ပြန်ချက် ထုတ်ထားလား၊ မထုတ်ထားဘူးလားတော့ မသိပါဘူး။ အဲ့ဒီ့နေရာတွေက သွားလို့မရသေးဘူးဆိုတာတော့ သိထားပါတယ်။ ရခိုင်ကိုတော့ ကျွန်တော်သိသလောက်ကတော့ ငပလီကိုတော့ ဖွင့်ထားပါတယ်။ ကျန်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေဘာတွေကတော့ သွားလို့မရဘူး၊ အဲ့လိုသိထားတယ်။ နောက် ချင်းပြည်နယ်ကလည်း သွားလို့မရဘူးဆိုတာ မှန်ပါတယ်။ ပြီးတော့ ကယားနဲ့ စစ်ကိုင်းနဲ့လည်း ထိုနည်းတူစွာပါပဲ။ စစ်ကိုင်းတိုင်း တစ်ခုလုံးဆိုရင်လည်း သွားလို့လာလို့…

Read More
VOM News

FREE
VIEW