လှိုင်မြို့နယ်မှာ စစ်တပ်က ဗိုလ်ကြီးအပါအဝင် ၃ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

အောက်တိုဘာ ၂၀-၂၀၂၂
GG+KK(VOM)

ရန်ကုန်မြို့ ၊လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးဖြစ်သူနဲ့ဇနီးအပါအဝင် တပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ဆယ်နာရီဝန်းကျင်က လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီးမှာ လမ်းလျှောက်ပြန်လာတဲ့ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOMကို ပြောပါတယ်။

“သေနတ်နဲ့ပစ်ခတ်ခံရပြီး လူသုံးဦးသေတာဟုတ်တယ် ဘယ်သူတွေလဲတော့မသိဘူး၊ ရပ်ကွက်ထဲမှာပြောနေတာ စစ်တပ်အရာရှိမိသားစု အပစ်ခံရတာလို့”ပြောပါတယ်။

စစ်တပ်က​နေ ခွင့်နဲ့ပြန်လာပြီး မိဘဖြစ်သူနေအိမ်ကို ခေတ္တနေထိုင်နေတဲ့ ဗိုလ်ကြီးနဲ့ဇနီးအပါအဝင် သုံးဦးဟာ ဒီကနေ့မနက်ပိုင်း အပြင်ကနေ နေအိမ်ကိုပြန်လာစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက VOM ကို​ပြောပါတယ်။

“သေတာက ဗိုလ်ကြီးမြင့်ဆွေရယ် တပ်သားအောင်ကိုမင်းရယ် သူ့မိန်းမရယ်၊ စားအုန်းဆီလာထုတ်တာလို့ ကြားတယ်”လို့ သူကပြောပါတယ်။

သေဆုံးသူသုံးဦးကို လူနာတင်ယာဥ်တွေနဲ့
မဂ်လာဒုံစစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ရပ်မိရပ်ဖတဦးက VOM ကိုပြောပါတယ်။

“ပစ်ခတ်ခံရပြီးတော့ စစ်တပ်ရောက်လာတယ် သေတဲ့သူတွေကို မဂ်လာဒုံစစ်ဆေးရုံကို ပို့တယ် လမ်းတွေပိတ်ပြီးစစ်တယ် “လို့ ပြောပါတယ်။

လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က အငြိမ်းစားဗိုလ်မှုးချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ဒဏ်ရာရရှိသူ သုံးဆယ်ထပ်မနည်း ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW