ရုရှားတိုက်လေယာဉ်တစင်း ဆိုက်ဘေးရီးယားမှာပျက်ကျ ၊ လေယာဉ်မှူးတွေ သေဆုံး

မော်စကို၊ အောက်တိုဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

ရုရှားစစ်တပ်က တိုက်လေယာဉ်တစင်းဟာ ဆိုက်ဘေးရီးယားတောင်ပိုင်းရှိ လူနေရပ်ကွက်အတွင်းကို ပျက်ကျခဲ့ကြောင်း ဒေသန္တရတာ၀န်ရှိသူတွေက အောက်တိုဘာ ၂၃ ရက်မှာပြောပါတယ်။

Sukhoi Su-30 အဲဒီတိုက်လေယာဉ်ဟာ Irkutsk မြို့ရှိနှစ်ထပ်တိုက်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးစလုံးသေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

အဲဒီတိုက်လေယာဉ်ဟာ စမ်းသပ်ပျံသန်းမှုတခုအတွင်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကြောင့် ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဲဒီတိုက်လေယာဉ်ဟာ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကို ချိုးဖောက်ခြင်းရှိမရှိ ရုရှားရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးလျက်ရှိပါတယ်။

ဒါဟာခြောက်ရက်အတွင်း ရုရှားတိုက်လေယာဉ်ပျက်ကျမှု ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ယူကရိန်းအနီး Yeysk မြို့က တိုက်ခန်းတွဲတခုပေါ်ကို Sukhoi Su-34 တိုက်လေယာဉ်တစင်းပျက်ကျမှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW