ဆောမြို့နယ်မှာ ကျောင်းထိုင် ဘုန်းကြီး တစ်ပါး ဖမ်းဆီးသတ်ဖြတ်ခံရ

အောက်တိုဘာ ၂၆ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ တပြင်းကျေးရွာ ၊ တပြင်းဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်းတဲ့ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးဟာ မနေ့ အောက်တိုဘာ ၂၅ ရက် ၊ ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ တပြင်းရွာခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ ဘုန်းကြီးကျောင်းကို အမည်မသိ လက်နက်ကိုင်ထားသူတွေရောက်လာပြီး ဘုန်းကြီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ဒီမနက်မှာ သိရတာက ဘုန်းကြီးဟာ ခေါင်းဖြတ်သတ်ခံရတဲ့ အလောင်းကို တွေ့ရတာ ” လို့ တပြင်း ဒေသခံတယောက်က ပြောပါတယ်။

ဆောမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “တပြင်းရွာကျောင်းက သာဿနာပြု့ကျောင်းထိုင်ဆရာတော် ဥူးဇနိဿရ မထေရ်မြတ်လို့ သိရတယ် ၊ သက်တော် ဝါတော်က စုံစမ်းနေဆဲဖြစ်တယ် ၊ မနေ့က ညနေပိုင်းမှာ အဖမ်းခံရပြီး ၊ မနေ့ကညပိုင်းမှာ အသတ်ခံရတာဖြစ်တယ်လို့ ကနဦး သိရတယ် ၊ မြေပြင်အခြေအနေ စီစစ်နေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူနိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေးနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း အဲ့ဒီ ဆောမြို့ပေါ်က လူနေရပ်ကွက်ထဲမှာ ဘောလုံးပွဲ ကြည့်နေတဲ့ မိသားစု တစုကို အမည်မသိ လက်ကိုင်အဖွဲ့က ဝင်ရောက် ပစ်သတ်တဲ့အတွက် အုတ်ဖိုလုပ်ငန်းပိုင်ရှင် မိသားစု ၇ ယောက်သေဆုံးရတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဆောမြို့ #ကျောင်းထိုင်ဘုန်းကြီးအသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW