မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ နှလုံးရောဂါနဲ့ ရုတ်တရက်ပျံလွန်တော်မူ

အောက်တိုဘာ ၂၈-၂၀၂၂
SP(VOM)

မန္တလေးတိုင်း ၊ မန္တလေးမြို့မှာ သာဿနာရေးနဲ့ နိုင်ငံရေးလောကမှာ ထင်ပေါ်ကျော်ကြားတဲ့ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ ဟာ မနေ့ အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီဝန်းကျင်က ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ ၊ မဲဆောက်ဆေးရုံမှာ ရုတ်တရက် ပျံလွန်တော်မူခဲ့တယ်လို့ ၊ ဆရာတော်ရဲ့ တပည့် သံဃာတော်တွေဆီက သိရပါတယ်။

” ဆရာတော်က ရင်ဘတ်တွေအောင့်ပြီး ၊ ကိုယ်လက် မအီမသာဖြစ်တယ်လို့ မိန့်တာကြောင့် ဆေးရုံကို အချိန်မီပို့ဆောင်တယ် ၊ ည ၁၀ နာရီမှာ ပျံလွန်တော်မူသွားတယ် ၊ ဆရာတော်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆရာဝန်တွေရဲ့ တွေ့ရှိချက်က နှလုံးသွေးကြောပိတ် ရောဂါဖြစ်တယ် ” လို့ ဆရာတော်ရဲ့ တပည့်သံဃာ တပါးက ပြောပါတယ်။

အဲ့ဒီနောက် ဒီမနက် ၁ နာရီခွဲ ဝန်းကျင်မှာ ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ သက်တော် ၇၁ နှစ် ၊ ဝါတော် ၅၁ ဝါရဲ့ ရုပ်ကလပ်တော်ကို အအေးတိုက်မှာ ပို့ဆောင် ပူဇော်ခံထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းမှာ မြဝတီမင်းကြီးကျောင်း ဆရာတော်ဟာ ဖမ်းဆီးခံခဲ့ရပြီး ပြည်ကြီးတံခွန်တရားရုံးမှာ လူဝတ်လဲကာ ရုံးထုတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

အဲ့ဒီနောက်၂၀၂၁ ခုနှစ်၊ သြဂုတ်လဆန်းပိုင်း အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ကု၊ နန်းတည်ကျောင်းမှာ သီတင်းသုံးနေရင်း အခုလို ရုတ်တရက် ပျံလွန်တော်မူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် #ဥူးအရိယာဝံသာဘိဝံသ #ပျံလွန်တော်မှု

Related posts

Leave a Comment

VOM News

FREE
VIEW