ဂွ-ငသိုင်းချောင်း လမ်းမကြီးမှာ အထောက်အထားမဲ့သူ ၄၆ ဦးနဲ့ လမ်းပြ ၂ ဦးဖမ်းမိ

အောက်တိုဘာ၊၂၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ငသိုင်းချောင်း နဲ့ ဂွ ကားလမ်းမကြီး ရဲ့ တောစပ်တစ်နေရာမှာ မနေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက အထောက်အထားမဲ့ဝင်လာတဲ့သူ ၄၆ ယောက်နဲ့ လမ်းပြ ၂ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။ ဂွမြို့နယ် ငါးသိုင်းချောင်း -ဂွကားလမ်း ဒေါင်းချောင်း ကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအနီး တောစပ်မှာအထောက်အထားမဲ့သူတွေဝင်လာပြီး ခေတ္တနား နေတယ်လို့ သတင်းရတာကြောင့် သက်ဆိုင်ရာက လိုက်လံရှာဖွေရာကနေ အခုလို အထောက်အထားမဲ့သူ ၄၆ ယောက်နဲ့ လမ်းပြ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့သူတွေက စစ်တွေ နဲ့ မောင်တောဒေသက လာခဲ့ကြတာတဲ့ ၊ ပွဲစားတဦးရဲ့ အဆက်အသွယ်နဲ့ မလေးရှားကိုသွားဖို့အတွက် ထွက်လာတာပါ ၊ ဗောဓိကျေးရွာမှာ အခုလို ဖမ်းမိတာပါ။”လို့ တာဝန်ရှိသူတဦး…

Read More

အဆိုတော် ပိုပို နဲ့ ဗျူးတီးဘလော့ကာ ဝင်းမင်းသန်းတို့ ပြန်လွတ်လာ

အောက်တိုဘာ ၂၈-၂၀၂၂ KK(VOM) အဆိုတော်ပိုပိုနဲ့ ဗျူးတီးဘလော့ဂါဘဝင်းမင်းသန်းတို့နှစ်ဦး ဒီကနေ့ ညပိုင်းက အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွှတ်လာတယ်လို့ အနုပညာအသိုင်းအဝိုင်းကသိရပါတယ်။ အဆိုတော်ပိုပို ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကို ရောက်ရှိနေသည်မှာ မှန်ကန်တယ်လို့ အမည်မဖော်လိုသူ သရုပ်ဆောင်တဦးက VOM ကိုပြောပါတယ်။ “အကျဥ်းဦးစီးက လိုက်ပို့တယ်လို့ ကြားတယ် ကျန်တာတော့မသိဘူး ပြန်လွှတ်လာတာပဲ ဝမ်းသာတယ်၊ မဝင်းမင်းသန်းလည်း ပါတယ်လို့ပြောတယ်”လို့ ပြောပါတယ်။ အဆိုတော် ပိုပို နဲ့အတူ ဗျူးတီးဘလော့ဂါဝင်းမင်းသန်းတို့ နှစ်ဦး ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်သုံးနှစ်ကျခံပြီးနောက် တစ်နှစ်ကျော်အကြာမှာ ပြန်လည်လွှတ်မြောက်လာတာဖြစ်ပါတယ်။ သူတို့နှစ်ဦးနဲ့အတူ ဒါရိုက်တာမိုက်တီးလည်း ပြန်လွှတ်လာတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ရာ မိသားစုဝင်တွေဆီ VOM က ဖုန်းဆက်အတည်ပြုခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ အဆိုတော် ပိုပို ကို တောင်ဥက္ကလာပမြို့နယ်ရှိ သူမနေအိမ်မှာ ၂၀၂၁ ခုနှစ် ‌ဧပြီလ ၁၅ ရက် က ဖမ်းဆီးခဲ့ပြီး…

Read More

ရုရှားက ယူကရိန်းကို ဒုံးကျည်အစင်း ၄၅၀၀ အပြင် လေကြောင်းတိုက်ခိုက်မှု ၈၀၀၀ ကျော်ထိ ပြုလုပ်ခဲ့

ကိဗ်ယက်၊ အောက်တိုဘာ ၂၈ -၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှု ၃၀ ကျော်ကို နှစ်ရက်အတွင်း ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။ လက်ရှိချိန်ထိ ဒုံးကျည် ၄,၅၀၀ ခန့်နဲ့ လေကြောင်းတိုက်ခိုက်မှု ၈,၀၀၀ ကျော်ကိုလည်း ရုရှားလုပ်ဆောင်ခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။ ကိယက်ဗ်မှာ ပျက်ကျခဲ့တဲ့ အီရန် Shahed ဒရုန်းဖြစ်ပုံရပြီးရုရှား လေတဏ်စွမ်းပကားရဲ့ တောင်ပံတွေကို ချိုးပစ်မယ်လို့ ယူကရိန်းသမ္မတက ကတိပြုပြောဆိုပါတယ်။ အီရန်ဟာ ရုရှားကို ဒရုန်းအမြောက်အမြား ထောက်ပံ့ပေးခဲ့တယ်လို့ အနောက်နိုင်ငံတာဝန်ရှိသူတွေက ယုံကြည်ထားပြီး ရုရှားနဲ့ အီရန်တို့ကတော့ ဒီကိစကို ငြင်းဆိုထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရုရှားက ဒရုန်းတွေအသုံးပြုပြီး ယူကရိန်းပြည်သူတွေကို ရန်လိုတိုက်ခိုက်မှုဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်က…

Read More

တန့်ဆည်က မီးသတ် ၂ ဦး ဖမ်းဆီးခံရပြီးနောက် အသတ်ခံထားရတဲ့ အလောင်းသာပြန်တွေ့

အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးဟာ တာဝန်ချိန်အတွင်း ဖမ်းဆီးခံရပြီးနောက် ငွေကြေးနဲ့ လဲလှယ်ရမယ်ဆိုကာ သတ်ဖြတ်ခံထားရတဲ့ အလောင်းကိုသာ ပြန်ရခဲ့တယ် လို့ ဒီကနေ့ စစ်ကိုင်းတိုင်း မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ​ဖမ်းဆီးပြန်ပေးဆွဲခံရပြီးနောက် အသတ်ခံလိုက်ရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂ ယောက်ကတော့ တန့်ဆည်မြို့နယ် မီးသတ်စခန်းက ယာဥ်မောင်း မီးသတ် တပ်ကြပ်ကြီး မြင့်ငွေ ၅၂ နှစ်နဲ့ တပ်ကြပ် ကောင်းမြတ်ကျော် ၂၄ နှစ်တို့ဖြစ်တယ် ၊ CDM မလုပ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ခြိမ်းခြောက်ခံနေရတဲ့အတွက် တန့်ဆည် မီးသတ်စခန်းက အမျိုးသမီးတပ်ဖွဲ့ဝင် တယောက်ရဲ့ မိသားစုတွေကို အခုလ…

Read More

ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ် တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ အပြီးသတ်ဝယ်ယူပြီ

ဝါရှင်တန်၊ အောက်တိုဘာ ၂၈ -၂၀၂၂ မျိုဆက် (VOM) ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံ နဲ့လွှဲပြောင်းရယူမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်မီဒီယာတွေနဲ့ ကုမ္ပဏီ ရင်းနှီးမြှုပ်နှံသူတဦးက အတည်ပြုပြောဆိုပါတယ်။ သဘောတူညီချက် အပြီးသတ်ပြီး အခုလိုဝယ်ယူခဲ့တာနဲ့ပတ်သက်ပြီး တွစ်တာငှက်လွတ်မြောက်ပြီလို့ အီလွန်မာ့ခ်က ရည်ညွှန်းပြောဆိုပါတယ်။ ဒီလိုဝယ်ယူ ပြီး နောက်မှာ တွစ်တာသူဌေး Parag Agrawal အပါအဝင် ထိပ်တန်း အမှုဆောင် အများအပြားကို ရာထူးက နေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ တွစ်တာကို ဝယ်ယူရေး ကနဦးသဘောတူညီချက်တွေကို ချိုးဖောက်ပြီး အီလွန်မာ့ခ်က မဝယ်တော့ဘူးလို့ဆိုတာကြောင့် တွစ်တာက အီလွန်မာ့ခ်ကို တရားစွဲခဲ့ပါသေးတယ်။ တွစ်တာက လက်ရှိလွှဲပြောင်းဝယ်ယူမှုကို အတည်မပြုသေး မေယ့် ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံသူတဦးက သဘောတူညီချက် ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောဆိုပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar…

Read More

မီဇိုရမ်ပြည်နယ်မှာ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ မြန်မာ ၄ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၂ SP (VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟာ ခရိုင် ၊ Niawtlang ကျေးရွာနားက လမ်းဆုံတနေရာမှာ မီဇိုရမ်ပြည်နယ် ရဲနဲ့ အာသန်ရိုင်ဖယ်တပ်ဖွဲ့တို့က ပူးပေါင်းရှာဖွေစစ်ဆေးတဲ့အခါ မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးမိတာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ် သတင်းဌာနတွေရဲ့ မနေ့ အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ” အခုရက်ပိုင်းမှာ မီဇိုရမ်ပြည်နယ်ထဲကို ဝင်လာတဲ့ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေကို စီမံချက်နဲ့ ဖမ်းဆီးအရေးယူနေတာဖြစ်တယ် ၊ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၄ ဦးက တရုတ်နိုင်ငံထုတ် Kenbo 125 ဆိုင်ကယ် ၄ စီးနဲ့ အဖမ်းခံရတာဖြစ်တယ် ၊ အဲ့ဒီ ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးတဲ့အခါ လက်နက်ခဲယမ်းတွေအပြင် ဂြိုလ်တုဆက်သွယ်ရေးဖုန်းတွေပါ…

Read More

မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ နှလုံးရောဂါနဲ့ ရုတ်တရက်ပျံလွန်တော်မူ

အောက်တိုဘာ ၂၈-၂၀၂၂ SP(VOM) မန္တလေးတိုင်း ၊ မန္တလေးမြို့မှာ သာဿနာရေးနဲ့ နိုင်ငံရေးလောကမှာ ထင်ပေါ်ကျော်ကြားတဲ့ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ ဟာ မနေ့ အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီဝန်းကျင်က ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ ၊ မဲဆောက်ဆေးရုံမှာ ရုတ်တရက် ပျံလွန်တော်မူခဲ့တယ်လို့ ၊ ဆရာတော်ရဲ့ တပည့် သံဃာတော်တွေဆီက သိရပါတယ်။ ” ဆရာတော်က ရင်ဘတ်တွေအောင့်ပြီး ၊ ကိုယ်လက် မအီမသာဖြစ်တယ်လို့ မိန့်တာကြောင့် ဆေးရုံကို အချိန်မီပို့ဆောင်တယ် ၊ ည ၁၀ နာရီမှာ ပျံလွန်တော်မူသွားတယ် ၊ ဆရာတော်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆရာဝန်တွေရဲ့ တွေ့ရှိချက်က နှလုံးသွေးကြောပိတ် ရောဂါဖြစ်တယ် ” လို့ ဆရာတော်ရဲ့ တပည့်သံဃာ တပါးက ပြောပါတယ်။…

Read More
VOM News

FREE
VIEW