အဆိုတော် ပိုပို နဲ့ ဗျူးတီးဘလော့ကာ ဝင်းမင်းသန်းတို့ ပြန်လွတ်လာ

အောက်တိုဘာ ၂၈-၂၀၂၂
KK(VOM)

အဆိုတော်ပိုပိုနဲ့ ဗျူးတီးဘလော့ဂါဘဝင်းမင်းသန်းတို့နှစ်ဦး ဒီကနေ့ ညပိုင်းက အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွှတ်လာတယ်လို့ အနုပညာအသိုင်းအဝိုင်းကသိရပါတယ်။

အဆိုတော်ပိုပို ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကို ရောက်ရှိနေသည်မှာ မှန်ကန်တယ်လို့ အမည်မဖော်လိုသူ သရုပ်ဆောင်တဦးက VOM ကိုပြောပါတယ်။

“အကျဥ်းဦးစီးက လိုက်ပို့တယ်လို့ ကြားတယ် ကျန်တာတော့မသိဘူး ပြန်လွှတ်လာတာပဲ ဝမ်းသာတယ်၊ မဝင်းမင်းသန်းလည်း ပါတယ်လို့ပြောတယ်”လို့ ပြောပါတယ်။

အဆိုတော် ပိုပို နဲ့အတူ ဗျူးတီးဘလော့ဂါဝင်းမင်းသန်းတို့ နှစ်ဦး ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်သုံးနှစ်ကျခံပြီးနောက် တစ်နှစ်ကျော်အကြာမှာ ပြန်လည်လွှတ်မြောက်လာတာဖြစ်ပါတယ်။

သူတို့နှစ်ဦးနဲ့အတူ ဒါရိုက်တာမိုက်တီးလည်း ပြန်လွှတ်လာတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ရာ မိသားစုဝင်တွေဆီ VOM က ဖုန်းဆက်အတည်ပြုခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

အဆိုတော် ပိုပို ကို တောင်ဥက္ကလာပမြို့နယ်ရှိ သူမနေအိမ်မှာ ၂၀၂၁ ခုနှစ် ‌ဧပြီလ ၁၅ ရက် က ဖမ်းဆီးခဲ့ပြီး ပုဒ်မ-၅၀၅ (က)နဲ့အမှုဖွင့်ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အလားတူ Beauty Blogger ဝင်းမင်းသန်းကို တောင်ကြီးမြို့နယ် BH ဟိုတယ်မှာ ၂၀၂၁ ခုနှစ် ‌ဧပြီလ ၁၅ ရက်က ဖမ်းဆီးခဲ့ပြီး ၅၀၅ (က)နဲ့အမှုဖွင့်ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပိုပို #ဝင်းမင်းသန်း #ထောင်ကပြန်လွတ်လာ

Related posts

Leave a Comment

VOM News

FREE
VIEW