ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ် တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ အပြီးသတ်ဝယ်ယူပြီ

ဝါရှင်တန်၊ အောက်တိုဘာ ၂၈ -၂၀၂၂
မျိုဆက် (VOM)

ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံ နဲ့လွှဲပြောင်းရယူမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်မီဒီယာတွေနဲ့ ကုမ္ပဏီ ရင်းနှီးမြှုပ်နှံသူတဦးက အတည်ပြုပြောဆိုပါတယ်။

သဘောတူညီချက် အပြီးသတ်ပြီး အခုလိုဝယ်ယူခဲ့တာနဲ့ပတ်သက်ပြီး တွစ်တာငှက်လွတ်မြောက်ပြီလို့ အီလွန်မာ့ခ်က ရည်ညွှန်းပြောဆိုပါတယ်။

ဒီလိုဝယ်ယူ ပြီး နောက်မှာ တွစ်တာသူဌေး Parag Agrawal အပါအဝင် ထိပ်တန်း အမှုဆောင် အများအပြားကို ရာထူးက နေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။

တွစ်တာကို ဝယ်ယူရေး ကနဦးသဘောတူညီချက်တွေကို ချိုးဖောက်ပြီး အီလွန်မာ့ခ်က မဝယ်တော့ဘူးလို့ဆိုတာကြောင့် တွစ်တာက အီလွန်မာ့ခ်ကို တရားစွဲခဲ့ပါသေးတယ်။

တွစ်တာက လက်ရှိလွှဲပြောင်းဝယ်ယူမှုကို အတည်မပြုသေး မေယ့် ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံသူတဦးက သဘောတူညီချက် ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောဆိုပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW