ရုရှားက ယူကရိန်းကို ဒုံးကျည်အစင်း ၄၅၀၀ အပြင် လေကြောင်းတိုက်ခိုက်မှု ၈၀၀၀ ကျော်ထိ ပြုလုပ်ခဲ့

ကိဗ်ယက်၊ အောက်တိုဘာ ၂၈ -၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှု ၃၀ ကျော်ကို နှစ်ရက်အတွင်း ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။

လက်ရှိချိန်ထိ ဒုံးကျည် ၄,၅၀၀ ခန့်နဲ့ လေကြောင်းတိုက်ခိုက်မှု ၈,၀၀၀ ကျော်ကိုလည်း ရုရှားလုပ်ဆောင်ခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။

ကိယက်ဗ်မှာ ပျက်ကျခဲ့တဲ့ အီရန် Shahed ဒရုန်းဖြစ်ပုံရပြီးရုရှား လေတဏ်စွမ်းပကားရဲ့ တောင်ပံတွေကို ချိုးပစ်မယ်လို့ ယူကရိန်းသမ္မတက ကတိပြုပြောဆိုပါတယ်။

အီရန်ဟာ ရုရှားကို ဒရုန်းအမြောက်အမြား ထောက်ပံ့ပေးခဲ့တယ်လို့ အနောက်နိုင်ငံတာဝန်ရှိသူတွေက ယုံကြည်ထားပြီး ရုရှားနဲ့ အီရန်တို့ကတော့ ဒီကိစကို ငြင်းဆိုထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရုရှားက ဒရုန်းတွေအသုံးပြုပြီး ယူကရိန်းပြည်သူတွေကို ရန်လိုတိုက်ခိုက်မှုဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်က ပြောဆိုပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

✕
VOM News

FREE
VIEW