မီဇိုရမ်ပြည်နယ်မှာ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ မြန်မာ ၄ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၂
SP (VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟာ ခရိုင် ၊ Niawtlang ကျေးရွာနားက လမ်းဆုံတနေရာမှာ မီဇိုရမ်ပြည်နယ် ရဲနဲ့ အာသန်ရိုင်ဖယ်တပ်ဖွဲ့တို့က ပူးပေါင်းရှာဖွေစစ်ဆေးတဲ့အခါ မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးမိတာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ် သတင်းဌာနတွေရဲ့ မနေ့ အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

” အခုရက်ပိုင်းမှာ မီဇိုရမ်ပြည်နယ်ထဲကို ဝင်လာတဲ့ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေကို စီမံချက်နဲ့ ဖမ်းဆီးအရေးယူနေတာဖြစ်တယ် ၊ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၄ ဦးက တရုတ်နိုင်ငံထုတ် Kenbo 125 ဆိုင်ကယ်
၄ စီးနဲ့ အဖမ်းခံရတာဖြစ်တယ် ၊ အဲ့ဒီ ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးတဲ့အခါ လက်နက်ခဲယမ်းတွေအပြင် ဂြိုလ်တုဆက်သွယ်ရေးဖုန်းတွေပါ ဖမ်းမိတာဖြစ်တယ်လို့ ပြည်နယ်သတင်းဌာနတွေက ဖော်ပြထားတာဖြစ်တယ် “လို့ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာနေထိုင်တဲ့ ခရစ်ယာန်ဘာသာရေး ဓမ္မဆရာ ဆရာမောရာက ပြောပါတယ်။

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ထံက ဂြိုလ်တုဖုန်း ၁ လုံး ၊ ကျည်ကာအင်္ကျီ ၅ ထည် ၊ လက်ကိုင်ဖုန်း ၅ လုံး ၊ ဖုန်းဆင်းကဒ် ၈ ကဒ် ၊ ပွိုင့် 22 ကျည်ဆံ ၊ ၁၀၀ တောင့် ၊ မြန်မာကျပ်ငွေ ၂၇၉၇၀၀ ကျပ် ၊ စက်ာပူငွေ ၂ ဒေါ်လာ ၊ သေနတ် ၁ လက် ၊ နဲ့ လက်ထိပ်တွေ အပြင် ဒစ်ဂျစ်တယ် အာရုဏ်ခံ ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတာလို့ ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်ထဲကို ဝင်ရောက်လာပြီး ခွင့်ပြုချက်မဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့အတူ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၅ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးဆီက မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် စစ် လက်နက် ပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်တွေ ရူပီငွေ သန်းဆယ်ချီဖိုး ဖမ်းမိတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မီဇိုရမ် #မြန်မာနိုင်ငံသားလေးဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW