ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းပို့ကုန်တွေ တင်ပို့ခွင့် ရုရှားဆိုင်းငံ့၊ စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားအောင် တမင်တကာ ဖန်တီတာလို့ ယူကရိန်းဝေဖန်

ကိယက်ဗ်၊ အောက်တိုဘာ ၃၀ – ၂၀၂၂
မျိုးဆက် (VOM)

ပင်လယ်နက်ဆိပ်ကမ်းတွေကတဆင့် ယူကရိန်းရဲ့ကောက်ပဲသီးနှံတွေကို တင်ပို့ခွင့်ပြုတဲ့ ကုလသမဂ္ဂကြားဝင်စေ့စပ်ပေးထားတဲ့ သဘောတူညီချက်ကို ရုရှားက ဆိုင်းငံ့လိုက်ပါတယ်။

ကောက်ပဲသီးနှံတွေနဲ့အတူ သင်္ဘော ေတွသွားလာမှုကို ပိတ်ဆို့လိုက်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလိုမျိုး စားနပ်ရိက္ခာအကျပ်အတည်းကို တမင်တကာ ပိုမိုဆိုးရွားစေခဲ့ အောင်လုပ်တာလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဝေဖန်ပြောဆိုပါတယ်။

ယနေ့အထိ ကောက်ပဲသီးနှ့တင်သင်္ဘော ၁၇၆ စီးဟာ ပင်လယ်ထဲမှာ စောင့်ဆိုင်းနေပြီး ရိက္ခာတင်ပို့မှု တန်ချိန် ၂ သန်းကျော် ပိတ်ဆို့ခံထားရတယ်လို့ သူကဆိုပါတယ်။

ကုလနဲ့ အခြားအဆင့် အထူးသဖြင့် ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲမှာ ဒီလိုပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီး ရုရှားအပေါ်နိုင်ငံတကာမှ ပြင်းထန်သော တုံ့ပြန်မှုတခုလိုအပ်နေပြီလို့ ဇီလန်စကီးကပြောပါတယ်။

ရုရှားရဲ့လုပ်ရပ်ဟာ အခြားတိုက်ကြီး တေွ ငတ်မွတ်ခေါင်းပါးမှုဆီကို ဦးတည် ဖြစ်ပွား အောင်တမင်တကာ လုပ်ဆောင်တဲ့ အဓိပ္ပာယ်မဲ့လုပ်ရပ်လို့ သူကပြောပါတယ်။

Ref: NHK
Photo: Reuter
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW