၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဦးမယ်လို့ ဒေါ်နယ်ထရန့် ကြေညာ

ဝါရှင်တန်၊ နို၀င်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ၂၀၂၄ ခုနှစ်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း နို၀င်ဘာ ၁၅ ရက်မှာ တရား၀င်ကြေညာလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို တဖန် ကြီးကျယ်ခမ်းနားစေဖို့အတွက် အမေရိကန်သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ယခုညမှာ ကြေညာလိုက်ကြောင်း ဖလော်ရီဒါရှိ မာအာလာဂိုစံအိမ်မှာ နို၀င်ဘာ ၁၅ ရက်ညက ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ ဒေါ်နယ်ထရန့်ကပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ နှစ်လည်ရွေးကောက်ပွဲမှာ ပါတီရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုအပေါ် ရီပတ်ဘလီကန်အချို့က သူ့ကိုအပြစ်တင်နေချိန်မှာ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရေးကို ဒေါ်နယ်ထရန့်က ကြေညာလိုက်တာဖြစ်ပါတယ်။

သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ဂျိုးဘိုင်ဒင်လက်ထက် လွန်ခဲ့တဲ့နှစ်နှစ်မှည နာကျင်မှု၊ ပင်ပန်းမှု ၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ပျက်အားငယ်စရာအချိန်တွေဖြစ်ခဲ့ပြီး နိုင်ငံကို ကယ်တင်ရမှာဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ကို အနိုင်ယူခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒင်ကလည်း ၂၀၂၄ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြေရှိကြောင်း အရိတ်အမြွတ်ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:CTV
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW