ဘန်ကောက်မှာ အေပက်ထိပ်သီးအစည်းအဝေးကို ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲ

ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပနေတဲ့ အေပက်စီးပွားရေး ထိပ်သီးအစည်းအဝေးကို ကန့်ကွက် ဆန္ဒုပြသူတွေနဲ့ ရဲတပ်ဖွဲ့တိုအကြား နို၀င်ဘာ ၁၈ ရက်မှာ အဓိကရုဏ်တွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကျင်းပရာနေရာအနီး ရာပေါင်းများစွာသော ဆန္ဒပြသူတွေကို ထိုင်းရဲတွေက ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒိုင်းတွေကာရံပြီး ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်လူစုခွဲခြင်းတွေလည်း ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူတွေက ရဲတွေကို အရာ၀တ္ထုတွေနဲ့ ပစ်ပေါက်ခြင်း၊ ရဲကားတွေကို မှောက်ပစ်ဖို့ ကြိုးစားခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒ့ပြသူတွေဟာ ထိုင်း၀န်ကြီးချုပ် ပရာယုချန်အိုချာနှုတ်ထွက်ပေးရေးကိုလည်း ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ဆန္ဒပြရာမှာ ပါ၀င်သူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပရာယုချန်အိုချာဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကန့်သတ်ချက်များစွာနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီချုပ်ရာထူးကို ဆက်လက်ရယူခဲ့ပြီး အယုံအကြည်မရှိအဆို တင်သွင်းမှုတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW