မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သမီးဖြစ်သူနဲ့အတူ လူမြင်ကွင်းကို ပထမဆုံးအကြိမ် ထွက်ပေါ်လာ

ပြုံးယမ်း၊ နို၀င်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သူ့ရဲ့သမီးငယ်နဲ့အတူ ပထမဆုံးအကြိမ်လူမြင်ကွင်းကို ထွက်ပေါ်လာခဲ့ပြီး သမီးဖြစ်သူနဲ့ ပတ်သက်ပြီး ကာလရှည်ကြာထွက်ပေါ်နေတဲ့ ကောလဟာလတွေကို အတည်ပြုလိုက်ပါတယ်။

ကင်ဂျုံအန်ဟာ သမီးဖြစ်သူ ကင်ချူးအေ လို့ယူဆရတဲ့ မိန်းကလေးနဲ့အတူ နို၀င်ဘာ ၁၈ ရက်ကပြုလုပ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို အတူတကွ ကြည့်ရှုခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင်ရှုတ်ချထားတဲ့ အဲဒီတိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကို သူတို့နှစ်ဦး လက်ချင်းတွဲကာ ကြည့်ရှုနေတာကို ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေမှာ တွေ့ရှိရပါတယ်။

မစ္စတာကင်ဟာ လျှို့ဝှက်ချက်တွေအပြည့်နဲ့ မြောက်ကိုရီးယားနိုင်ငံကို ဦးဆောင်နေပြီး သူ့ရဲ့ကိုယ်ရေးကိုယ်တာ ရှင်သန်နေထိုင်မှုဘ၀နဲ့ပတ်သက်ပြီး လူသိနည်းပါးလှပါတယ်။

ကင်ဂျုံအန်နဲ့ သမီးဖြစ်သူတို့နှစ်ဦး စကားပြောဆိုနေပုံ၊ တာ၀န်ရှိသူတွေကို ညွှန်ကြားနေပုံ၊ ဒုံးကျည်တွေကို စစ်ဆေးခြင်းနဲ့ ပစ်ခတ်မှုကို ကြည့်ရှုနေတဲ့ဓါတ်ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက နို၀င်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo: KCNA
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW