ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့ စွမ်းအင်စနစ် ထက်၀က်နီးပါး ပျက်စီး

ကိဗ်ယက်၊ နို၀င်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားရဲ့မကြာသေးမီက ဒုံးကျည်၊ ဒရုန်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ စွမ်းအင်စနစ် ထက်၀က်နီးပါး ပျက်စီးခဲ့ကြောင်း ယူကရိန်း၀န်ကြီးချုပ်ကပြောပါတယ်။

ဆောင်းရာသီကာလအတွင်း မြို့တော်ကိဗ်ယက်အပါအ၀င် နိုင်ငံအနေရာအများအပြားတွင် အပူချိန်ကျဆင်းပြီး ဆီးနှင်းများကျဆင်းနေသည့်ကာလတွင် ယူကရိန်းရဲ့စွမ်းအင်စနစ် ပျက်စီးမှုဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။

မြို့တော်ကိဗ်ယက်ရဲ့ မဟာဓါတ်အားလိုင်း အလုံးစုံပြတ်တောက်သွားနိုင်ကြောင်း မြို့တော်၀န်က သတိပေးပြောဆိုပါတယ်။

ယူကရိန်းပြည်သူ ၁ဝ သန်းကျော်ဟာ ဓါတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

စွမ်းအင်ထောက်ပံ့မှု အခက်အခဲဖြစ်နေတဲ့ အခြေအနေဟာ ဒေသ ၁၂ ခုမှာ ဆက်လက်ဖြစ်ပွာနေပြီး ပြုပြုဖို့ကြိုးစားနေကြောင်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းအရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းစွမ်းအင်စနစ်ရဲ့ ထက်၀က်နီးပါး ပျက်စီးခဲ့ရတယ်လို့ ကိဗ်ယက်မြို့တော်၀န်က ပြောပါတယ်။

ယူကရိန်းရဲ့ အကြီးဆုံးစွမ်းအင်ကုမ္ပဏီအကြီးအကဲကလည်း အခြေအနေဟာ ပိုဆိုးလာတယ်လို့ သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW