Sky Hotel ပစ်ခတ်မှု စစ်တပ်ကဗိုလ်ကြီးတဦးသေဆုံး တဦးဒဏ်ရာရ

နိုဝင်ဘာ-၁၉-၂၀၂၂
Voice Of Myanmar (VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ၊ ဖားကန့်-လုံးခင်း လမ်းမကြီးပေါ်က Sky Hotel &Restaurant မှာ နိုဝင်ဘာ၁၉ရက် ဒီမနက်၇နာရီအချိန်ခန့်က ပစ်ခတ်မှုတခုဖြစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဟိုတယ်ဝန်ထမ်းတဦးကပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဟိုတယ်KTVမှာသီချင်းဆိုနေတဲ့ နစကတပ်က ဗိုလ်ကြီးတဦးအခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အခြားတဦးလည်း ပြင်းထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဟိုတယ်ဝန်ထမ်းက ဆက်လက်ပြောဆိုခဲ့ပါတယ် ။

“အခန်းထဲမှာ ပွဲချင်းပြီးသေတဲ့တယောက်က အူတွေပါထွက်သွားတာဗျ။နောက်တယောက်လည်း အသက်ရှင်ဖို့ မလွယ်ဘူးဗျ။သေတာက သုံးပွင့်ဗိုလ်လို့တော့ပြောတာပဲဗျ”လို့ ပြောပါတယ်။

သေဆုံးသွားတဲ့အရာရှိဟာ တပ်မ ၃၃လက်အောက်ခံ ဗလခ တပ်ခွဲ့စခန်းက တပ်ခွဲမှူးအရာရှိလို့လည်း တပ်နဲ့နီးစပ်သူတွေဆီကသိရပါတယ် ။

လာရောက်တိုက်ခိုက်သူတွေဟာ တိုယိုတာအမျိုးအစား SURF ကားနဲ့ဟိုတယ်ထဲ မောင်းဝင်လာခဲ့ပြီး ၊အရပ်ဝတ်နဲ့မျက်နှာဖုံးMaskတွေတပ်ဆင်ထားတယ်လို့လည်း ဟိုတယ်ဧည့်ကြိုဝန်ထမ်းတွေကပြောပါတယ်။

လာရောက်တိုက်ခိုက်သူတွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊နိုဝင်ဘာ၁၄ရက်နေ့က မြစ်ကြီးနာမြို့ရှိ Happy KTV မှာ ကေအိုင်အေတပ်ဖွဲ့ဝင်(၁၆)ယောက်ကိုဖမ်းဆီးခဲ့သည့်အပေါ် လက်စားချေတုန့်ပြန်တာလို့လည်း ကေအိုင်အေနဲ့နီးစပ်သူတွေကပြောဆိုနေကြပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။

#voiceofmyanmar #VOM #ဖားကန့် #SKYHotel

Related posts

Leave a Comment

VOM News

FREE
VIEW