ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း နျူကလီးယားစက်ရုံအနီး ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်ပွားနေ

ကိဗ်ယက်၊ နို၀င်ဘာ-၂၁-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းတောင်ပိုင်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံအနီးမှာ စနေနေ့ကစပြီး ပေါက်ကွဲမှုကြီးတွေ တဒါဇင်ကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒီလိပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဥရောပရဲ့ အကြီးဆုံး ဇာပိုရစ်ဇီးယားစက်ရုံအနီးမှာ တိုက်ပွဲတွေရပ်ဖို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ ရာဖေးလ်ဂရော့ဆီက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ဘယ်သူမဆို ဒါကိုချက်ချင်းရပ်ရမှာဖြစ်ပြီး ဒီလုပ်ရပ်ဟာ မီးနဲ့ကစားနေတာဖြစ်ကြောင်း အိုင်အေအီးအေ အကြီးအကဲက ဆိုပါတယ်။ အဲဒီစက်ရုံဟာ နှစ်ဘက်အကြား စစ်ပွဲမျက်နှာစာဖြစ်တဲ့ ဒီနီပရိုမြစ်ပေါ်မှာရှိပါတယ်။

မြစ်တဘက်ကမ်းရှိ ယူကရိန်းတပ်တွေဟာ ရုရှားရဲ့ထိန်းချုပ်မျှုအောက်မှာရှိနေတဲ့ အဲဒီနျူကလီးယားဓါတ်အားပေးစက်ရုံ ဒေသကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။ ယူကရိန်းဘက်ကတော့ ဒီကိစ္စအပေါ် တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။

အဲဒီနေရာမှာရှိတဲ့ အဆောက်အအုံတွေ၊ စနစ်တွေနဲ့ စက်ပစ္စည်းအချို့ ပျက်စီးခဲ့ပေမယ့် နျူကလီးယားဆိုင်ရာ ဘေးကင်းလုံခြုံမှုကို မထိခိုက်သေးကြောင်း ရရှိသောအချက်အလက်တွေအပေါ် အခြေခံပြီး အိုင်အေအီးအေက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VON #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW