အာဆီယံကာကွယ်ရေး၀န်ကြီးအစည်းအဝေး မြန်မာကိုယ်စားလှယ် ဖိတ်ကြားမခံရ

ဖနွမ်းပင်၊ နို၀င်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ယခုသီတင်းပတ်အတွင်းမှာ ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာ ကာကွယ်ရေး၀န်ကြီးကို ဖိတ်ကြားခြင်းမရှိပါဘူး။

အဲဒီအစည်းအဝေးကို အာဆီယံကာကွယ်ရေး၀န်ကြီးတွေအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက ကာကွယ်ရေး၀န်ကြီးတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

အစည်းအဝေးကို ကမ္ဘာ့ဒီးယားနိုင်ငံ Siem Reap မြို့မှာ နို၀င်ဘာ ၂၃ ရက်ကစပြီးပြုလုပ်သွားမှာဖြစ်ပြီး အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဂီတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။

အစည်းအဝေးမှာ မြန်မာစစ်တပ်ကကိုယ်စားလှယ် တက်ရောက်မှာကို အာဆီယံအဖွဲ့၀င်နိုင်ငံအချို့က မနှစ်မြို့ဘူးလို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဆီယံအဖွဲ့ရဲ့ ဆွေးနွေးပွဲတိုင်းတွေ မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်ကြားမှုတွေကို ပြန်သုံးသပ်ဖို့ ယခုလအတွင်း ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးတွေမှာတော့ မြန်မာအာဏာပိုင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပြီးဖြစ်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW