ဆစ်ဒနီကမ်းခြေမှာ လူစုလူဝေးလိုက် အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်ပြီး အရေပြားကင်ဆာအကြောင်း အသိပညာပေး

ဆစ်ဒနီ၊ နို၀င်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

အရေပြားကင်ဆာရောဂါကြောင်း သတိပြုမိစေဖို့ရည်ရွယ်တဲ့ အနုပညာပြကွက်တခုအဖြစ် သြစတြေးလျနိုင်ငံ ဆစ်ဒနီရှိ ဘွန်ဒီကမ်းခြေမှာ အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်တဲ့ လှုပ်ရှားမှုကို နို၀င်ဘာ ၂၆ ရက် နံနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပြကွက်ကို အမေရိကန်ဓါတ်ပုံဆရာ စပန်ဆာတူနစ်က စီစဉ်တာဖြစ်ပြီး သြစတြေးလျနိုင်ငံသားတွေ အရေပြားကျန်းမာရေးပုံမှန်စစ်ဆေးမှုများပြုလုပ်ခြင်းကို အားပေးဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။

အရေပြားကင်ဆာရောဂါ အသိပညာပေး ရက်သတ္တပတ်အတွင်း ပြုလုပ်တဲ့ အဆိုပါလှုပ်ရှားမှုမှာ အရေပြားရောဂါဆိုင်ရာ ပရဟိတအဖွဲ့တဖွဲ့နဲ့ ပူးပေါင်းပြီး စေတနာ့၀န်ထမ်း ၂၅၀၀ ပါ၀င်ခဲ့ပါတယ်။

အရေပြားစစ်ဆေးမှုတွေပတ်သက်ပြီး အသိပညာပေးခွင့်ရတဲ့အတွက် ဂုဏ်ယူ၀မ်းမြောက်ကြောင်း ကမ္ဘာကျော် ဓါတ်ပုံဆရာ စပန်ဆာတူနစ်ကပြောပါတယ်။ သူဟာ ကမ္ဘာ့အထင်ကရနေရာတွေမှာ လူစုလူဝေးလိုက် အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်ကူးမှုတွေကြောင့် လူသိများထင်ရှားသူဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရေပြားကင်ဆာဖြစ်ပွားမှုဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတွေထဲမှာ ပါ၀င်ကြောင်း ကမ္ဘာ့ကင်ဆာ သုတေသနရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW