ပိုလန်နယ်စပ်မှာ နေတိုးမဟာမိတ်အဖွဲ့ စစ်ရေးလေ့ကျင့်

ဝါဆော၊ နို၀င်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

နေတိုးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ပိုင်းလုံခြုံရေးအတွက် အရေးပါတဲ့ နေရာဖြစ်တဲ့ ပိုလန်နိုင်ငံမြောက်ပိုင်းမှာ နေတိုးတပ်ဖွဲ့၀င်တွေ နို၀င်ဘာ ၂၅ ရက်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။

ဘီလာရုစ်နဲ့ ရုရှားနယ်မြေတခုဖြစ်တဲ့ ကာလင်နင်ဂရက်အကြားရှိ ပိုလန်မြောက်ပိုင်း ဆူဝေါ်ကီဂက်ပ်ဒေသဟာ နေတိုးမဟာမိတ်အဖွဲ့အတွက် အရေးပါတဲ့ မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်ပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ ယူကရိန်းစစ်မြေပြင်မှာ လက်ရှိဖြစ်ပွားနေတဲ့ အတွေ့အကြုံနဲ့ စောင့်ကြည့်လေ့လာမှုတွေနဲ့အတူ ရုရှားက ဘယ်လိုနည်းလမ်းတွေကို အသုံးပြုတယ်ဆိုတာနဲ့ ဘယ်လို ကာကွယ်ရမည်ဆိုတာကို အခြေခံထားကြောင်း ပိုလန်ကာကွယ်ရေး၀န်ကြီး မာရီယက်ဇ်ဘလက်ဇက်ခ်က ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ကြည်းတပ်နဲ့လေတပ်မှ တပ်ဖွဲ့၀င် ၂၀၀၀ ကျော်ပါ၀င်ခဲ့ပြီး တိုက်ခိုက်ရေးနဲ့ ပို့ဆောင်ရေးယာဉ် ၁၀၀၀ ကျော်လည်း ပါ၀င်ခဲ့ကြောင်း ပိုလန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ယူကရိန်းကို ရုရှား၏ရဲ့ကျူးကျော်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တုံ့ပြန်မှုအဖြစ် ပိုလန်ဟာ သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ့ဂျီဒီပီ၏ သုံးရာခိုင်နှုန်းထိ မြှင့်တင်ဖို့ စီစဉ်နေပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #ဝါဆော

Related posts

Leave a Comment

VOM News

FREE
VIEW