ကင်မရွန်းမှာ စျာပနပြုလုပ်ချိန် မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

ယောင်ဒေး၊ နို၀င်ဘာ -၂၈-၂၀၂၂
မျိုးဆက်(VOM)

ကင်မရွန်းနိုင်ငံ မြို့တော်ယောင်ဒေးမှာ နို၀င်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ စျာပနအခမ်းအနားတက်ရောက်လာသူများဖြစ်ပြီး နို၀င်ဘာ ၂၇ ရက်ညပိုင်းထိ အခင်းဖြစ်ရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

သေဆုံးသူ မိသားစု၀င်အများအပြားနဲ့ စျာပနပို့ဆောင်သူတွေဟာ တောင်ကုန်းပေါ်ရှိ စွန့်ပစ်မြေစာပုံပေါ်မှ တဲတွေအောက်မှာရှိနေချိန် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ယောင်ဒေးဟာ ကင်မရွန်းမှာ မိုးရွာသွန်းမှုအများဆုံးမြို့တွေထဲက တခုဖြစ်ပြီး မြို့တော်မှာ မတ်ဆောက်တဲ့ တောင်ကုန်းတောင်တန်းများစွာရှိပြီး တောင်ကုန်းတွေအပေါ်မှာ အဆောက်အဦများစွာ ရှိနေကြာ ယခုဖြစ်ရပ်ဟာ ရာသီဥတုကြောင့် ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးမတော်တဆမှုလည်းဖြစ်ပါတယ်။

ယခုနှစ်အတွင်း ကင်မရွန်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ယောင်ဒေး

Related posts

Leave a Comment

VOM News

FREE
VIEW