ကမ္ဘာ့ ရာထူးသက်တမ်းအရှည်ဆုံးသမ္မတ ခြောက်ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆို

မာလာဘို ၊ ဒီဇင်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ အီကွေတိုရီရယ်ဂီနီသမ္မတဟာ သူ့ရဲ့၆ ကြိမ်မြောက် ရာထူးသက်တမ်းအတွက် ဒီဇင်ဘာ ၉ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အသက် ၈၀ နှစ်အရွယ် သီအိုဒိုရိုအိုဘီရန်နဂွါမာအမ်ဘာဆိုဂိုဟာ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုစစ်ဆေးခြင်းမပြုမီ ဒီဇင်ဘာ ၉ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တာဖြစ်ပါတယ်။

သူဟာ အီကွေတိုရီရယ်ဂီနီနိုင်ငံသားအားလုံးရဲ့ ထာ၀ရခေါင်းဆောင်ဖြစ်ရမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဆိုပါတယ်။ သူဟာ၁၉၇၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာ ပထမဆုံး အာဏာရရှိခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်မှာ အတိုက်အခံတွေကို နိုင်ငံရေးမှာပါ၀င်ခွင့်ကို ပိတ်ပင်တားဆီးခဲ့ပြီး အစိုးရနဲ့ မဟာမိတ်တွေက သတင်းဌာနတွေကိုထိန်းချုပ်ခြင်းနဲ့အတူ ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ဝေဖန်သူတွေက ပြောဆိုပါတယ်။

အိုဘီရန်ဟာ ဘုရင်စနစ်ကျင့်သုံးခြင်းမရှိတဲ့ နိုင်ငံမှာ ရာထူးသက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်အဖြစ် မှတ်တမ်း၀င်ခဲ့ပြီး နိုင်ငံကို ၄၃ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မာလာဘို

Related posts

Leave a Comment

VOM News

FREE
VIEW