မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာမြေပြိုမှု ၁၆ ဦးသေဆုံး ၊ အများအပြား ပျောက်ဆုံးနေ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာ မြေပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘာတန်ကာလီ မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်က မြေပြိုမှုဖြစ်ပွားချိန်မှာ တောင်ကုန်းအောက်မှာ စခန်းချသူတွေဟာ အိပ်ပျော်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကလေးငယ်တွေအပါအဝင် လူ ၉၀ ကျော်အခြေစိုက်စခန်းမှာ စခန်းချနေချိန်ဖြစ်ပါတယ်။

ရာနှဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ သောကြာနေ့မနက်ပိုင်းမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အပူတပြင်းကြိုးစားနေကြပါတယ်။

မြေပြိုမှုာ စခန်းချနေရာထက် မီတာ ၃၀ (ပေ ၁၀၀) ကျော်မြင့်သော ကုန်းစောင်းတခုက နေပြိုကျခဲ့ပြီး မြေတစ်ဧက ဖြတ်ကျော်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

သောကြာနေ့ မွန်းလွဲပိုင်းအထိ အာဏာပိုင်ွတွေက လူ ၆၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW