စစ်ကိုင်းမြို့နယ်က ကြက်အစာစက်ရုံမှာ ဝန်ထမ်းတန်းလျားမီးလောင်

စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၉- ၂၀၂၂
ND(VOM)

စစ်ကိုင်းမြို့နယ်၊ တောင်ညိုအရှေ့ရွာမှာရှိတဲ့ ကြက်စာစက်ရုံတခုမှာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က ကတ္တရာစေးကနေ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် စစ်ကိုင်းမြို့နယ်မီးသတ်အဖွဲ့သွားရောက်ငြှိိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုံးဘို အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

မီလောင်မှုဖြစ်စဥ်ကြောင့် စက်ရုံမှာရှိတဲ့ ဝန်ထမ်းတန်းလျားတစ်ခုနဲ့ စက်ရုံအဆောက်အဦနှစ်လုံးတွဲတစ်ခု မီးလောင်ပြာကျခဲ့ကာ ဆုံးရှုံးမှု တန်ဘိုးကို အတည်ပြုနိုင်ဖို့ VOM သတင်းဌာနက စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနနဲ့ ဆက်သွယ်ဖို့ ကြိုစားနေဆဲဖြစ်ပါတယ်။

#VOM #voiceofmyanmar #မီးလောင် #စစ်ကိုင်း #တောင်ညို

Related posts

Leave a Comment

VOM News

FREE
VIEW