တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ်မှာ ကိုဗစ်နေ့စဥ်ကူးစက်မှု တသန်းကျော်ထိစံချိန်တင်၊ နေ့စဥ်ကူးစက်မှုနှုန်း မထုတ်ပြန်တော့ဘူးလို့ တရုတ်အစိုးရ ကြေညာ

ပေကျင်း၊ ဒီဇင်ဘာ -၂၅-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်မှာ ကိုဗစ်-၁၉ရောဂါ နေ့စဥ် ကူးစက်မှုအသစ် တသန်းကျော်ထိရှိနေပြီး လာမယ့်ရက်အနည်းငယ်အတွင်း နှစ်ဆတိုးလာဖွယ်ရှိကြောင်း ပြည်နယ်အစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

နိုင်ငံတဝန်း ကူးစက်မှု စံချိန်တင်မြင့်တက်နေသော်လည်း စနေနေ့အထိ ငါးရက်တာကာလအတွင်း တရုတ်ပြည်မကြီးမှာ ကိုဗစ်-၁၉ရောဂါကြောက့် သေဆုံးမှုမရှိကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာမှ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။

တရုတ်အစိုးရဟာ ကိုဗစ်-၁၉ရောဂါလုံးဝမကူးစက်ရေး မူဝါဒကို ကျင့်သုံးပြီး တင်းကြပ်တဲ့ကန့်သတ်ချက်တွေို အရှိန်အဟုန်မြှင့် ပြောင်းလဲမှုတွေ ပြုလုပ်ပြီးနောက် ကူးစက်မှုများ တိုးလာတာကြောင့် ကူးစက်မှုနဲ့သေဆုံးမှုဆိုင်ရာ ပိုမိုတိကျတဲ့အချက်အလက်တွေထုတ်ပြန်ဖို့ ပြည်သူတွေနဲ့ ကျွမ်းကျင်သူတွေက တောင်းဆိုနေကြပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်က ရောဂါလက္ခဏာမပြသတဲ့ ကူးစက်မှုတွေကို အစီရင်ခံခြင်းကို ရပ်တန့်ထားပြီး ကူးစက်မှုအရေအတွက်ကို ထုတ်ပြန်မှုရပ်ဆိုင်းဘိုက်တာကြောင့် ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့နဲ့ ကူးစက်မှုကို အတိအကျသိဖို့ ခက်ခဲတဲ့အခြေအနေရှိနေပါတယ်။

ကူးစက်မှုအထွတ်အထိပ်ကို ကျဲကျန်းပြည်နယ်မှာ စောစီးစွာရင်ဆိုင်ရဖို့ခန့်မှန်းထားပြီး၊ နှစ်သစ်ကူးနေ့ဝန်းကျင်မှာနေ့စဉ်ကူးစက်မှုအသစ်အရေအတွက် နှစ် သန်းအထိမြင့်တက်လိမ့်မယ်လို့ ကျဲ့ကျန်းပြည်နယ် အစိုးရကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW