တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ပုဒ်မ-၅၀(ည) နဲ့ ထောင် (၁၅)နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၂၈-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဒီကနေ့မနက်ပိုင်း အိုးဘိုထောင်တွင်းတရားရုံးကနေ ပုဒ်မ- ၅၀(ည) (အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု)နဲ့ အလုပ်နဲ့ထောင်ဒဏ် (၁၅)နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးးပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဒီကနေ့မနက် အိုးဘိုထောင်တွင်းတရားရုံးက ပုဒ်မ- ၅၀(ည) (အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု) နဲ့ အလုပ်ကြမ်းအပါအဝင် ထောင်(၁၅)နှစ်ချလိုက်တာပါ”လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ၂၇ရက်က ဒေါက်တာဇော်မြင့်မောင်ရဲ့ တရားရုံးချိန်းအပြီးမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒီကနေ့မှာ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ဟာ ၂၀၁၉ ခုနှစ်က နေပြည်တေယ်မှာဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယား အမှုနဲ့ မြန်မာနောင်းမ်သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတို့အမှုကို လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေပြောင်းလဲပြီးနောက်ပိုင်းမှာလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုနဲ့အခြားနိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်သူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#VOM #voiceofmyanmar #မန္တလေး #တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင် #ထောင်၁၅နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW