ဖမ်းဆီးခံထားရတဲ့ အီရန်ဆန္ဒပြသူ (၁၀၀)ထက်မနည်း သေဒဏ်နဲ့ ရင်ဆိုင်နေရ

အော်စလို၊ ဒီဇင်ဘာ-၂၈-၂၀၂၂
မျိုးဆက်(VOM)

အီရန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အီရန်နိုင်ငံသား ၁၀၀ ထက်မနည်းဟာ သေဒဏ်နဲ့ရင်ဆိုင်နေရကြောင်း အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

အီရန်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ သေဒဏ်အမိန့်ချခံထားရသူ ၁၁ ဦးအပါအ၀င် သေဒဏ်ချမှတ်ခံရနိုင်တဲ့ အကျဉ်းသား ၁၀၀ ဦးစာရင်းကို ဖော်ပြထားပါတယ်။

သူတို့ထဲမှာ အမျိုးသမီးအကျဉ်းသားငါးဦးပါ၀င်ပြီး ဖမ်ဆီးထိန်းသိမ်းခံထားရသူအများစုဟာ တရားဥပဒေအရ ရင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေကြောင်း အီရန်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ မျက်နှာစည်းပုဝါ၀တ်ဆင်မှုစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တဲ့အပေါ် အီရန်နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။

အီရန်အာဏာပိုင်တွေဟာ ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်နေသူ နှစ်ဦးကို ယခုလအစောပိုင်းမှာ ကွပ်မျက်ခဲ့ပြီး အခုလိုကွပ်မျက်တာဟာ လူထုကိုကြောက်ရွံ့လာစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အော်စလို

Related posts

Leave a Comment

VOM News

FREE
VIEW