ကဘူးလ်၊ ဒီဇင်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းရှိ ဘာသာရေးကျောင်းတခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက နို၀င်ဘာ ၃၀ ရက်မှာ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုဟာ ဆာမန်ဂန်ပြည်နယ်ရှိ အေဘက်ခ်မြို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ သေဆုံးသူတွေဟာ အသက်ကိုးနှစ်မှ ၁၅ နှစ်အရွယ် ကလေးတွေဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ ကျောင်းသားတွေဖြစ်ကြောင်း ဒေသခံဆေးရုံမှဆရာ၀န်တဦးကပြောပါတယ်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရသူတွေကို အေဘက်ခ်မြို့မှ ၇၄ မိုင်အကွာရှိ မာဇာအိုင်ရှာရစ်ဖ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ တိုက်ခိုက်မှုကို တာလီဘန်လုံခြုံရေးတပ်ဖွဲ့၀င်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကျူးလွန်သူတွေကို အပြစ်ပေးသွားမယ်လို့ အာဖဂန်ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Ref: BBC #voiceofmyanmar #VOM #ကဘူးလ်
Read MoreYear: 2022
ရန်ကုန်တိုင်းမှာ ဘုန်းကြီးကျောင်းအတွင်း ညအိပ်ဧည့်သည်လက်မခံဖို့နဲ့လက်ခံပါက အုပ်ချုပ်ရေးအဖွဲ့ကိုအသိပေးရမယ်
ဒီဇင်ဘာ ၁-၂၀၂၂ GG(VOM) ရန်ကုန်တိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ ညအိပ် ဧည့်သည် လက်မခံဖို့၊ အကယ်၍ လက်ခံမယ်ဆိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ဘုန်းကြီးကျောင်းတွေဆီက သိရပါတယ်။ ” ဟုတ်တယ် ညအိပ်ညနေကို လက်မခံဖို့ပေါ့။ လက်ခံမယ်ဆိုရင်လည်း အုပ်ချုပ်ရေးမှူးတွေကိုအသိပေးရမယ်။ ဖြစ်နိုင်ရင်တော့ လက်မခံတာအကောင်းဆုံးပေါ့။ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင်လို့ပြောတယ် ၊ဧည့်စာရင်းတိုင်ရမယ့်သဘောပေါ့ “လို့ ကျောင်းထိုင်ဘုန်းတော်ကြီးတပါးကမိန့်ပါတယ်။ ဒါ့ကြောင့် ကျောင်းထိုင်ပဓာန နာယက၊ တိုက်အုပ်၊ တိုက်ကြပ်၊ စာချဆရာတော်တွေ စတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိခြင်း၊ ခွင့်ပြုခြင်းမရှိဘဲ ညအိပ် ညနေဧည့်သည်တွေ လက်ခံခြင်း မပြုဖို့နဲ့ တကယ်လို့ ညအိပ်လက်ခံမယ်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တိုင်းဒေသကြီး သံဃနာယက အဖွဲ့က ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းထဲက ဘုန်းကြီးကျောင်းအချို့မှာ ည အိပ် ညနေဧည့်သည် လက်ခံခြင်းကြောင့် လုယက်မှု၊ ခိုက်ရန်ဖြစ်မှုနဲ့ စတဲ့ ဒုစရိုက်မှုခင်းတွေ ဖြစ်ပေါ်…
Read Moreအိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူအယ်လ်ဟတ်ဆန် သေဆုံးကြောင်း အတည်ပြုထုတ်ပြန်
ဒမတ်စကတ်၊ ဒီဇင်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) အိုင်အက်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ အဘူအယ်လ်ဟတ်ဆန် သေဆုံးသွားပြီဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က နို၀င်ဘာ ၃၀ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အိုင်အက်စ်ခေါင်းဆောင်ဟာ ရန်သူတွေကို တိုက်ခိုက်ရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အိုင်အက်စ်ခေါင်းဆောင်ဟာ ဆီးရီးယားနိုင်ငံအနောက်တောင်ပိုင်းမှာ အောက်တိုဘာလလယ်က ပြုလုပ်တဲ့ ဆီးရီးယားအစိုးရတပ်ရဲ့ စစ်ဆင်ရေးတခုအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။ သူဟာ အမေရိကန်တပ်တွေရဲ့ စီးနှင်းတိုက်ခိုက်မှုအတွင်း ယခင်အိုင်အက်စ်ခေါင်းဆောင် ကိုယ့်ကိုကိုယ်အသေခံဗုံးခွဲသတ်သေပြီးနောက် မတ်လအတွင်းမှာ အိုင်အက်စ်ခေါင်းဆောင်သစ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ အိုင်အက်စ်ခေါင်းဆောင်အဖြစ် အဘူအယ်လ်ဟူစိန်ကို ရွေးချယ်ထားပြီး သူ့ရဲ့ အမည်ရင်း ၊ နိုင်ငံသား သို့မဟုတ် နောက်ခံသမိုင်းကြောင်းကို ဖော်ပြထားခြင်းမရှိပေမယ့်လည်း သစ္စာခံကြဖို့ အိုင်အက်စ်အဖွဲ့၀င်တွေကို တိုက်တွန်းထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဒမတ်စကတ်
Read Moreစစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း လူနေအိမ် တစ်ထောင်ကျော် မီးရှို့ခံရပြီး ၊လူ ၅ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၁ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ်နဲ့ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့ဟာ အတွင်း မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်သေဆုံးရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ အခင်းဖြစ်ပွားရာဒေသက နယ်ခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်တိုင်ရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက အိမ်ခြေ ၂၀၀ ရာကျော်ရှိတဲ့အထဲက အိမ်ခြေ ၁၇၀ ကျော် မီးလောင်ပြီး လက်ရှိ အိမ်ခြေ ၃၀ ကျော်ပဲကျန်တယ် ၊အဲ့ဒီအပြင် ဒက္ခိဏရာမကျောင်းတိုက်က ဆွမ်းစားကျောင်းဆောင် တခုလည်း မီးလောင်ပျက်စီးခဲ့တယ်၊ အဲ့ဒီ မီးလောင်ပြင်ထဲမှာ ဒေါ်ပြား အသက် ၉၀ နှစ်နဲ့ ဒေါ်ထူး အသက် ၇၅ နှစ် တို့ ၂ ဦးအပြင် အသက် ၃၇…
Read Moreတရုတ်-အိန္ဒိယဆက်ဆံရေး ၀င်မစွက်ဖက်ဖို့ အမေရိကန်ကို တရုတ်သတိပေး
ပေကျင်း၊ ဒီဇင်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုဖို့ တရုတ်က အမေရိကန်ကို သတိပေးခဲ့ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့အကြား ၄၅ နှစ်အတွင်း အဆိုးရွားဆုံး နယ်စပ်ပဋိပက္ခတွေ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံကသွင်းကုန်တွေ တိုးမြှင့်တင်သွင်းမှုတွေရှိနေပေမယ့် နှစ်နိုင်ငံနယ်စပ်ရှိ ဟိမ၀န္တာဒေသမှာ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေ ဖြန့်ကြက်ချထားမှုကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။ အိန္ဒိယဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ရည်ရွယ်ဖွဲ့စည်းထားတဲ့ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတို့ပါ၀င်တဲ့ ကွာဒ်မဟာမိတ်အဖွဲ့မှာ ပါ၀င်နေပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်မှုကို တရုတ်ဘက်က တုံ့ပြန်မှုမရှိပေမယ့် ပြီးခဲ့တဲ့လအတွင်း တရုတ်နယ်စပ်အနီးပြုလုပ်ခဲ့တဲ့ အမေရိကန်-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြား ယုံကြည်မှုပျက်ပြားစေခြင်းမရှိဘူးလို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။ Ref: Reuters Photo:Reuters #voiceofmyanmar #VOM…
Read Moreဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ် ချမှတ်ခံရ
ဒီဇင်ဘာ ၁ – ၂၀၂၂ SN (VOM) ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကို မနေ့ နိုဝင်ဘာ ၃၀ ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၃၀၂ (က) နဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အတည်ပြုထုတ်ပြန်ထားပါတယ်။ သေဒဏ်စီရင်ချက် ချမှတ်ခံရသူတွေကတော့ မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက်ဇော်၊ မောင်ဟိန်းထက်၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်းမောင်မောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်အပြင် အခုနှစ် ဧပြီလ ၁၈ ရက်က ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ(တောင်ဒဂုံဘဏ်ခွဲ) ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း အပစ်ခံရပြီး သေဆုံးခဲ့မှုတွေနဲ့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်တွင်း တရားရုံးက အခုလို သေဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ကျန်ရှိနေတဲ့ အမှု ၂ မှုကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။…
Read Moreရခိုင်မှာ နှစ်ဖက်တပ်တွေ အပစ်ရပ်နဲ့ လက်ရှိမြေပြင်အခြေအနေ
ဒီဇင်ဘာ ၁ – ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိမြေပြင်အခြေအနေတွေအပေါ် လူတိုင်းက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး တပ်နဲ့ အေအေတို့ နှစ်ဖက် သဘောတူညီချက်နဲ့ အပစ်ရပ်လိုက်တဲ့အပေါ်လည်း ရခိုင်ပြည်သူတွေကြား အမြင်မတူကြပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ တစတစပြင်းထန်လာတဲ့ တိုက်ပွဲတွေဟာ ယခင် NLD အစိုးရလက်ထက်နဲ့ လက်ရှိ နစက ကောင်စီလက်ထက် ဆိုတဲ့ မတူညီတဲ့ နိုင်ငံရေးကာလနှစ်ခုကို ဖြတ်သန်းလာတာဖြစ်ပါတယ်။ ၂၀၂၁ တနှစ်လုံးနီးပါး ပြည်သူတွေ စစ်ပွဲရပ်ခြင်းနဲ့အတူ လွတ်လပ်စွာခရီးသွားလာခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးကို ခံစားခဲ့ကြရပြီး ပြည်နယ်တဝန်း ပွဲလမ်းသဘင်တွေနဲ့ စည်စည်ကားကားရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အစောပိုင်းလတွေကစလို့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်နေတဲ့အနေအထားကို တပ်နဲ့ အေအေတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုတွေကြောင့် အခြေအနေတွေ တမျိုးတဖုံပြောင်းသွားပြီး အခုလ နိုဝင်ဘာ ဒုတိယပတ်အထိ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့အတူ နှစ်ဖက်စစ်ရေးတင်းမာခဲ့ကြတာဖြစ်ပါတယ်။ တပ်နဲ့ အေအေနဲ့…
Read Moreမြန်မာပတ်စပို့ကိုင်သူတွေကို ထိုင်းမှာ ၄၅ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့နေခွင့်ပြုလိုက်တယ်ဆိုပေမယ့် ၁၄ ရက်သာ နေခွင့်ရသူတွေရှိနေ
ဒီဇင်ဘာ ၁-၂၀၂၂ GG (VOM) ထိုင်းနိုင်ငံကိုလာမယ့် မြန်မာနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ကြေညာထားပေမယ့် လက်တွေ့မှာတော့ ၁၄ ရက်သာ နေခွင့်ရသူတွေရှိနေတယ်လို့ သိရပါတယ်။ “ကျနော်တို့ အခုလ ၁၀ရက်နေ့ကမှ သွားတာ အဲ့ ဒီအချိန်အထိ ၁၄ရက်ပဲ ရပါတယ်။ အသိတွေသွားကြတာလည်းမနေ့ကအထိကို ၁၄ ရက်ပဲရပါတယ်။ ထိုင်းဘက်ကကြေညာထားတာကတော့ နိုင်ငံခြားသားတွေကို ၄၅ ရက်အထိ ကင်းလွတ်ခွင့်ပြုမယ်၊မြန်မာတွေလည်းအပါအဝင်ဆိုပြီးပြောထားပေမယ့်တကယ်တမ်းကျ မရသေးဘူးဗျ “လို့ ထိုင်းကပြန်ရောက်လာသူတဦးကပြောပါတယ်။ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားခရီးသွားအားလုံးကို ထိုင်းနိုင်ငံမှာ ၄၅ရက် visa free သက်တမ်း နေထိုင်ခွင့်ပြုကြောင်းကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကောင်စစ်ဝန်ဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဆီကသိရပါတယ်။ “ထုတ်ပြန်ချက်မှာ မြန်မာလည်း ၄၅ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့နေထိုင်လို့ရတယ်လို့ ပါတယ်။ ဒါပေမယ့်တကယ်တမ်း…
Read Moreပန်ဆန်းမြို့မှာ ထရန်စဖာ ပေါက်ကွဲပြီး လူ ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ
နိုဝင်ဘာ ၃၀၊ ၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ပန်ဆန်းမြို့၊ နားလော်မှာ ဒီကနေ့ နိုဝင်ဘာ ၃၀ မနက် ၁၀ နာရီကျော်ဝန်းကျင်ခန့်က လျှပ်စစ် ထရန်စဖာ ပေါက်ကွဲပြီး လူသုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း ဝ ပြည်ပဆက်ဆံရေးရုံး တာဝန်ရှိပုဂ္ဂိုလ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “လောလောဆယ်တော့ သုံးယောက်ကတော့ သေတာပေါ့နော်။ အဆောက်အဦတွေ တော်တော်တော့ ပျက်စီးတယ်။ ကားတွေရော ထိတယ်။ အခုလောလောဆယ် အတိအကျတော့ မသိရသေးဘူး။”လို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။ ပေါက်ကွဲမှုမှာ လက်ရှိ လူသုံးဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိထားကာ ထိခိုက်ဒဏ်ရာရသူဦးရေ အတိအကျတော့ မသိရသေးတဲ့အပြင် အနီးနားဝန်းကျင်ရှိ အဆောက်အဦနဲ့ ကားတွေပါ အများအပြား ထိခိုက်ပျက်စီးတာမျိုးရှိတယ်လို့ သူက ပြောပါတယ်။ ထရန်စဖော်မာက သက်တမ်းကြာနေပြီ…
Read Moreတောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နဲ့ရုရှား စစ်လေယာဉ်တွေ ၀င်ရောက်
ဆိုးလ်၊ နို၀င်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို တရုတ်နဲ့ရုရှားစစ်လေယာဉ်တွေ နို၀င်ဘာ ၃၀ ရက်က ၀င်ရောက်မှုကြောင့် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေ ပျံတက်မောင်း ထုတ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ တရုတ်ရဲ့ အိပ်-၆ ဗုံးကြဲလေယာဉ်နှစ်စင်းဟာ တောင်ကိုရီးယား တောင်ပိုင်းနဲ့ အရှေ့မြောက်ကမ်းရိုးတန်း အနီးမှာ နံနက် ၅ နာရီ ၅၀ မိနစ်က ၀င်ရောက်ပျံသန်းပြီး ထွက်ခွာသွားခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တီယူ-၉၅ ဗုံးကြဲလေယာဉ်တွေနဲ့ ဆူး-၃၅ တိုက်လေယာဉ်တွေအပါအ၀င် ရုရှားစစ်လေယာဉ်တွေဟာ တောင်ကိုရီးယားလေပိုင်နက်ထဲကို ၁၈ မိနစ်ကြာ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ တရုတ်နဲ့ရုရှားလေယာဉ်တွေ ၀င်ရောက်ပျံသန်းမှုမပြုမီ ဖြစ်နိုင်ခြေရှိတဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် တိုက်လေယာဉ်တွေ စေလွတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် တရုတ်နဲ့ရုရှားလေယာဉ်တွေဟာ တောင်ကိုရီးယားလေပိုင်နက်ထဲကို…
Read More