အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူအယ်လ်ဟတ်ဆန် သေဆုံးကြောင်း အတည်ပြုထုတ်ပြန်

ဒမတ်စကတ်၊ ဒီဇင်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

အိုင်အက်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ အဘူအယ်လ်ဟတ်ဆန် သေဆုံးသွားပြီဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က နို၀င်ဘာ ၃၀ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အိုင်အက်စ်ခေါင်းဆောင်ဟာ ရန်သူတွေကို တိုက်ခိုက်ရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

အိုင်အက်စ်ခေါင်းဆောင်ဟာ ဆီးရီးယားနိုင်ငံအနောက်တောင်ပိုင်းမှာ အောက်တိုဘာလလယ်က ပြုလုပ်တဲ့ ဆီးရီးယားအစိုးရတပ်ရဲ့ စစ်ဆင်ရေးတခုအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။

သူဟာ အမေရိကန်တပ်တွေရဲ့ စီးနှင်းတိုက်ခိုက်မှုအတွင်း ယခင်အိုင်အက်စ်ခေါင်းဆောင် ကိုယ့်ကိုကိုယ်အသေခံဗုံးခွဲသတ်သေပြီးနောက် မတ်လအတွင်းမှာ အိုင်အက်စ်ခေါင်းဆောင်သစ်ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ အိုင်အက်စ်ခေါင်းဆောင်အဖြစ် အဘူအယ်လ်ဟူစိန်ကို ရွေးချယ်ထားပြီး သူ့ရဲ့ အမည်ရင်း ၊ နိုင်ငံသား သို့မဟုတ် နောက်ခံသမိုင်းကြောင်းကို ဖော်ပြထားခြင်းမရှိပေမယ့်လည်း သစ္စာခံကြဖို့ အိုင်အက်စ်အဖွဲ့၀င်တွေကို တိုက်တွန်းထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဒမတ်စကတ်

Related posts

Leave a Comment

VOM News

FREE
VIEW