နိုဝင်ဘာ ၁၁၊ ၂၀၂၂ Shy V(VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ပေါ်ရှိ နေအိမ်ဝင်းတခုမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ပြည်သူတဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေဆီက သိရပါတယ်။ “လက်နက်ကြီးကျတယ်။ အိမ်ဝင်းထဲမှာ။ ခါနန်ရပ်ကွက် ၃ ။ တယောက်ထိတယ်။ အသက်က ၂၃။ ကိုဘရန်အောင်ရဲ့ နေအိမ်ဝန်းထဲမှာ ကျတယ်။ ကံကောင်းလို့ပေါ့။ ခြေထောက်နှစ်ဖက်နဲ့ပုခုံးပဲ ပေါက်သွားတာ။ ပြီးခဲ့တဲ့ ၁ နာရီခွဲခန့်ကျော်က” လို့ အကူအညီပေးနေသူ ၁ ဦး က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့သူက ဗုံးခိုကျင်းထဲ ပုန်းဖို့ ပြင်နေချိန် နေအိမ်ဝင်းထဲ လက်နက်ကြီးကျလာလို့ လက်နက်ကြီးစ ထိမှန်သွားတာဖြစ်ပြီး လက်ရှိ ဆေးကုသဖို့ ဆေးရုံကို ပို့ဆောင်နေပြီလို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်း ၁၁ နာရီ ဝန်းကျင် တပ်ဘက်က…
Read MoreYear: 2022
ကောလင်းမြို့နယ်တရားသူကြီး ပါဆယ်ဗုံးပေါက်ကွဲလို့ သေဆုံး
နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ မြို့နယ်တရားရုံးရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ပါဆယ်ဗုံး ပေါက်ကွဲပြီး မြိုနယ်တရားသူကြီး တယောက် ထိမှန်သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်း တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” တရားရုံးပေါက်ရှေ့မှာ ဆရာ့နာမည်နဲ့ ခြင်းကြီးတစ်လုံးလာချထားတာကို တွေ့ရတယ် ၊ အဲ့ဒါကြောင့် မသင်္ကာတဲ့အတွက် သက်ဆိုင်ရာကို လာရောက်ရှင်းလင်းပေးဖို့ အကြောင်းကြားထားတယ် ၊ သက်ဆိုင်ရာက ရောက်မလာခင် အဲ့ဒီ ခြင်းကြီးက ထပြီးပေါက်ကွဲတယ် ၊ ဆရာရဲ့ တရားခွင်နဲ့ တည့်တည့်နေရာဆိုတော့ ဆရာ့ကိုလာမှန်ပြီး ဆရာသေဆုံးသွားတာဖြစ်တယ် ” လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။ အဲ့ဒီ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ကောလင်းမြို့နယ် ဒုတိယတရားသူကြီး ဦးဘရန်ဆိုင် (အသက် ၃၀နှစ်…
Read Moreတောင်သူလက်ထဲ စပါးလက်ကျန်မရှိမှ စပါးဈေး မြင့်တက်မှုရှိနေ
နိုဝင်ဘာ ၁၂ – ၂၀၂၂ SN (VOM) ပြည်တွင်း စပါးဈေးဟာ တောင်သူတွေလက်ထဲ စပါးလက်ကျန် မရှိတော့တဲ့အချိန်မှ တင်း ၁၀၀ ကို ၂၅ သိန်းနဲ့ စံချိန်တင် အမြင့်ဆုံးရောက်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေအရ တောင်သူတွေအနေနဲ့ လက်ထဲမှာ စပါးလက်ကျန်မထားရဲတော့ဘဲ စပါးပေါ်ချိန်ကတည်းက ထုတ်ရောင်းခဲ့ကြတာကြောင့် စပါးရှားလာပြီး ဈေးတက်လာခြင်းဖြစ်တယ်လို့ ရွှေဘိုမြို့က စပါးကုန်သည်တဦးက ပြောပါတယ်။ “နိုင်ငံရေး အခြေအနေအရ တောင်သူတွေက စပါးပေါ်ကတည်းက ကြောက်လန့်ပြီး စပါးတွေအကုန် ထုတ်ရောင်းပစ်လိုက်ကြတော့ လက်ကျန်က မရှိတော့ဘူး။ လက်ကျန်ရှားလာတော့ ဈေးပိုပေးဝယ်လာကြတယ်။ အဲ့ဒီတော့ ဈေးတွေတက်လာတာပေါ့။ အရင်နှစ်တွေကတော့ တောင်သူတွေက စပါးအကုန် ထုတ်မရောင်းကြဘူး။ ကျန်းမာရေး၊ ပညာရေး လိုအပ်မှပဲ ရောင်းကြတာဆိုတော့ လက်ဝယ်မှာ စပါးတွေရှိတယ်။ ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေအရ ဘယ်နေ့ဘာဖြစ်မယ်မသိတော့ အကုန် ထုတ်ရောင်းပစ်လိုက်ကြတာ။ အခုက…
Read Moreဝန်းသိုမြို့မှာ မြို့နယ် မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး ပျောက်ဆုံးနေ
နိုဝင်ဘာ ၊ ၁၂၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးဟာ နိုဝင်ဘာ ၁၀ ရက် ညပိုင်းကတည်းက ပျောက်ဆုံးနေတယ်လို့ ဝန်းသိုမြို့ခံတွေဆီက သိရပါတယ်။ ” ၁၀ ရက်နေ့ည ၁၁ နာရီကျော် ဝန်းကျင်က မီးသတ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်လာပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကို ဖမ်းခေါ်သွားတာဖြစ်တယ် ၊ တစခန်းလုံး ပါသွားတာလို့ ပြောလို့ရတယ် ၊ ဒီမနက်အထိတော့ ဆက်သွယ်လို့ မရသေးဘူး ၊ သူတို့ မိသားစုတွေကလည်း အရမ်းစိုးရိမ်နေကြတယ် ” လို့ ဝန်းသိုမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကောလင်းခရိုင်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က…
Read Moreတောင်ကိုရီးယား အီတေး၀န်ဖြစ်ရပ်ဆိုး စုံစမ်းခံနေရတဲ့ရဲအရာရှိ ကိုယ့်ကိုကိုယ် သတ်သေသွားဖွယ်ရှိ
ဆိုးလ်၊ နို၀င်ဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တွင်ဟောလိုး၀င်းပွဲတော်ကျင်းပစဉ် လူအုပ်ပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတဲ့ တောင်ကိုရီးယားရဲအရာရှိတဦးကို နို၀င်ဘာ ၁၁ ရက်က နေအိမ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့ရပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားဖွယ်ရှိပါတယ်။ စစ်ဆေးရေးမှူး ဂျောင်လို့အမည်ရတဲ့ အသက် ၅၅ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ထောက်လှမ်းရေးအရာရှိတဦးဖြစ်ပါတယ်။ လူ ၁၅၆ ဦးသေဆုံးပြီး ၁၉၆ ဦးဒဏ်ရာရရှိခဲ့တဲ့ အီတေး၀န်ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ သူဟာ အဲဒီဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့ရဲ့ ပျက်ကွက်မှုတွေကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲခံရပြီးနောက် နို၀င်ဘာ ၉ ရက်မှာ ရာထူးကနေ ဆိုင်းငံ့ခံခဲ့ရပါတယ်။ သူ့ရဲ့အလောင်းကို ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်မှာ မိသားစု၀င်တဦးက ဆိုးလ်မြို့ရှိ နေအိမ်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုနဲ့ ပတ်သက်ပြီ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။…
Read Moreစပါးစျေး ၁၄ သိန်း အထိဖြစ်နေချိန် အခြေခံရည်ညွန်းစျေးဆိုပြီး တင်း ၁၀၀ ကို ၆၃၀၀၀၀ သတ်မှတ်မှုအပေါ် တောင်သူတွေကပြစ်တင်ရှုတ်ချ
နိုဝင်ဘာ ၁၂-၂၀၂၂ GG(VOM) အခုနှစ် မိုးစပါး နဲ့ မကြာခင်စိုက်ပျိုးတော့မယ့် နွေစပါးစျေးနူန်းကို စပါး တင်း ၁၀၀ ကို ၆၃၀၀၀၀ သတ်မှတ်တယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ် ဖြစ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးဟာ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက် ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ သိရပါတယ်။ လက်ရှိ ပြင်ပမှာက စပါး တင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်း ခွဲကနေ စပြီး စပါးအမျိုးအစားလိုက် စျေးနူန်းမြင့်မားနေချိန် အခုလို စပါးစျေးနူန်းကို ထက်ဝက်လျှော့ချသတ်မှတ်မှုဟာ လက်တွေ့စျေးကွက်အပေါ်အကျိုးသက်ရောက်မှုမရှိပေမယ့်၊ အခုလို စျေး သတ်မှတ်လိုက်တဲ့အဖွဲ့အစည်းကိုတော့ ရှုတ်ချတယ်လို့ တောင်သူတွေကပြောပါတယ်။ ” စပါးစျေးဘယ်လောက်ပေါက်နေလဲ သူတို့မသိမမြင်တာလည်းမဟုတ်ဘူး၊အခုတော့ ပေါက်စျေးထက် တဝက်တောင်လျှော့ပြီး…
Read Moreပခုက္ကူက တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်းရဲ့ နောက်အိမ်တလုံး ထပ်မံချိပ်ပိတ်ခံရ
နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၄ ရပ်ကွက် ၊ နေသူရိန်လမ်းမှာရှိတဲ့ NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ဇင်နီနီဝင်းရဲ့ နေအိမ်တိုက် တလုံးနဲ့ ဂိုဒေါင် အဆောက်အဦတလုံးကို မနေ့ နိုဝင်ဘာ ၁၁ ရက် ၊ ညနေ ၄ နာရီက လာရောက် ချိပ်ပိတ်သိမ်းဆည်းသွားတယ်လို့ ပခုက္ကူမြို့တွေဆီက သိရပါတယ်။ “မနှစ်ကလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ဇင်နီနီဝင်းရဲ့ နေအိမ်အဆောက်အဦကို ချိပ်ပိတ်သိမ်းဆည်းခံရတာရှိခဲ့တယ်၊ မနေ့က ချိပ်ပိတ်သိမ်းဆည်းခံရတာက ဒုတိယအကြိမ်ဖြစ်တယ်”လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။ ပခုက္ကူမြို့ ၊ အမှတ် ၄ ရပ်ကွက် ၊ နေသူရိန်လမ်းမှာရှိတဲ့ အဆောက်ဦး ၁ လုံးနဲ့ ဂိုဒေါင် ၁ လုံးကို…
Read Moreမုံရွာ – မန္တလေးကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေဆုံး ၊ ၂ ဦး ဒဏ်ရာရ
နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မအူကျေးရွာအနီး မုံရွာ – မန္တလေး ကားလမ်းမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူသေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မအူကျေးရွာနားက မုံရွာ မန္တလေး ကားလမ်း ၊ လမ်းရဲ့ယာဘက်ခြမ်းကနေ ပေါက်ကွဲတာပါ ၊ ဆိုင်ကယ်စီးလာတဲ့ မိသားစု ၃ ယောက်ထဲက အမျိုးသားဖြစ်သူက နေရာမှာတင်သေတယ် ၊ ကျန် အမျိုးသမီး တယောက်နဲ့ အသက် ၂ နှစ်အရွယ် ကလေးတယောက်က ပြင်းထန်ဒဏ်ရာရတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ်…
Read Moreရန်ကုန်က Ye Min Aung Money Changer ဓားပြတိုက်ခံရပြီး ငွေရာနဲ့ချီပါသွား
နိုဝင်ဘာ ၁၂-၂၀၂၂ GG (VOM) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်းပေါ် ၊ သိမ်ဖြူစာတိုက်မှတ်တိုင်အနီးက Ye Min Aung Money Changer နိုင်ငံခြားငွေလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဟာ ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ဓားပြတိုက်ခံရပြီး ငွေသိန်းရာနဲ့ချီပါသွားတယ်လို့ သိရပါတယ်။ အိမ်စီးကား နဲ့အမျိုးသား ၄ ယောက် ရောက်လာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။ “ဆိုင်ခန်းက မြေညီထပ်မှာဖွင့်ထားတာ။ဖြစ်တာက ၄ နာရီလောက်မှာ ၊ သူတို့က ဆိုင်ထဲ အရင်ဝင်လေ့လာပြီးမှလာတဲ့ပုံ၊ ဘာလို့ဆို့ ဒီနေ့ ဆိုင်ထဲမှာ အမျိုးသမီးသုံးယောက်နဲ့ မာမူကြီးတယောက်ပဲရှိတယ်၊ အရင်ကဆို ယောကျာ်းလေးတွေ ရှိတယ် ။ ပိုက်ဆံကတော့ ဆာလာအိတ်နဲ့တဝက်ပါသွားတာ ၃၀၀ လောက်လို့ ပြောကြတယ် ၊ လူက ၄ ယောက် ၊သေနတ်လည်းပါတယ် “လို့…
Read Moreရွှေအသင်းရည်ညွှန်းဈေး သိန်း၂၀ ကျော်အဖြစ် ပြောင်းလဲ ဈေးဖွင့်ထား
နိုဝင်ဘာ ၁၀ – ၂၀၂၂ SN (VOM) ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့အတွက် ရန်ကုန်တိုင်း ရွှေအသင်းရည်ညွှန်းဈေး သိန်း၂၀ ကျော်ကို ပြောင်းလဲ ဈေးဖွင့်ထားပြီး အရင်ထက် ကျပ် ၅ သောင်းဝန်းကျင် မြင့်တက်လာပါတယ်။ ရည်ညွှန်းဈေးကို မနေ့ နိုဝင်ဘာ ၉ ရက်နေ့က စတင်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ရွှေဈေးနဲ့ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ဒေါ်လာဈေးအပေါ် အခြေခံပြီး တွက်ချက်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “အခုက ကမ္ဘာ့ရွှေဈေးတက်လို့ တက်သွားတာပါ။ ကမ္ဘာ့ရွှေဈေးကလည်း ဒီ့ထက်တော့ အများကြီးတက်ဖို့ မရှိတော့ပါဘူး။ တက်လည်းနည်းနည်းပဲ၊ ကျလည်း နည်းနည်းပါပဲ။ များသောအားဖြင့်ကတော့ အကျဘက်ကို တအိအိသွားနေတဲ့ အနေအထားပေါ့။ ဒီဇင်ဘာလလောက်ဆိုရင်လည်း ပြည်တွင်းကတွင်းတွေမှာ ရွှေတူးလို့ရသွားပြီလေ။ အဲ့ဒီ့အခါကျရင်တော့ ရွှေက ပေါပေါများများ ပြန်ဖြစ်သွားပြီ။ ဈေးလည်းကျလာဦးမှာပါ” လို့ ရွှေအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ်အတိုးနှုန်း…
Read More