၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး သုံးပုံတပုံကျဆင်းမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၂-၂၀၂၂
မျိုးဆက်(VOM)

၂၀၂၃ ခုနှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေး သုံးပုံတပုံခန့် ဆုတ်ယုတ်ကျဆင်းလိမ့်မယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) အကြီးအကဲက ဇန်နဝါရီ ၁ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။

အမေရိကန်၊ အီးယူနဲ့ တရုတ်တို့ရဲ့ စီးပွားရေးနှေးကွေးမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စီင်္းပွားရေး ဆုတ်ယုတ်ကျဆင်းမှုဟာ ယခင်နှစ်ကထက် ပိုမိုပြင်းထန်မယ်လို့ အိုင်အမ်အက်ဖ်အကြီးအကဲ ခရစ်စတာလီနာဂျော်ဂျီဗာက ပြောပါတယ်။

ယူကရိန်းစစ်ပွဲ၊ ကုန်စျေးနှုန်းမြင့်တက်မှု၊ အတိုးနှုန်းမြင့်မားမှုနဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေခြင်းတွေက ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိလာလိမ့်မယ်လို့ သူကပြောပါတယ်။

ကမ္ဘာ့စီးပွားရေးရဲ့ သုံးပုံတပုံ ဆုတ်ယုတ်ကျဆင်းမယ်လို့ မိမိတို့ခန့်မှန်းထားပြီး စီးပွားပျက်ကပ်မဖြစ်သေးတဲ့ နိုင်ငံတွေမှာလည်း သန်းပေါင်းများစွာသောပြည်သူတွေဟာ စီးပွားရေးဆုတ်ယုတ်မှုကို ခံစားရလိမ့်မယ်လို့ အိုင်အမ်အက်ဖ်အကြီးအကဲက ထုတ်ဖော်ပြောဆိုပါတယ်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ စီပွားရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေကို စတင်ကြုံတွေ့ရမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်လာလိမ့်မယ်လို့ သူကသတိပေးပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW