KIO ခေါင်းဆောင်အချို့ ရာထူးပြောင်းလဲ ခန့်အပ်

ဇန်နဝါရီ ၃၊ ၂၀၂၃
Shy V(VOM)

KIO ထိပ်ပိုင်းခေါင်းဆောင်အချို့ ရာထူး အပြောင်းအလဲနဲ့ ရာထူး ရုပ်သိမ်းကြောင်း KIO ဗဟို ကော်မတီကနေ မနေ့ ဇန်နဝါရီ ၂ ရက်နေ့က စာထုတ်ပြန်ထပါတယ်။

KIO ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊KIC အတွင်းရေးမှူး၊ တိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ရာထူးမှ တာဝန်ရပ်နားခွင့်ပြုခြင်း၊ တိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ခန့်အပ်ခြင်းနဲ့ လက်ထောက် ဥက္ကဋ္ဌ စတဲ့ ရာထူးတွေကို တာဝန်လွှဲပြောင်းပေးအပ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ဇန်နဝါရီ၂ ရက်နေ့မှာ KIO ယာယီ ဥက္ကဋ္ဌ /ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဦးဂမ်ရှောင်ကို ဗဟို ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့ရာထူး စစ်ဦးစီးချုပ်ရာထူးကနေ KIC ရဲ့အတွင်းရေးမှူး တာဝန်ထမ်းဆောင်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်စာအရ သိရပါတယ်။

တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးလဖိုင်ဇော်ရော်ကိုတော့ ၂.၁.၂၀၂၃ ရက်နေ့က ခန့်အပ်ထားတဲ့ တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဌ ရာထူး ရုပ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

တပ်မဟာ ၄ တပ်မမှူးဖြစ်တဲ့ ဦးဖော်ဂျေလတောင်ကို တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီရဲ့ လက်ထောက် ဥက္ကဋ္ဌ ၁ ရာထူးကနေ ၂.၁.၂၀၂၃ မှာ တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခဲ့ပြီး တောင်ပိုင်းတိုင်းဒေသ ဗဟို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ ဦးလရှီးဆိုင်းနော် ကို တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီရဲ့ လက်ထောက် ဥက္ကဋ္ဌ ၂ ရာထူးမှ ၂.၁.၂၀၂၃ ရက်နေ့မှာ တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အဲဒီ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ KIO ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကတော့ KIOရဲ့ ဒုဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်ရာထူး၊ ဆွမ်လွတ်ဂန်ကတော့ KIO ရဲ့ ဒုဥက္ကဋ္ဌ၂ ရာထူး ၊ နောက်ဗိုလ်ချုပ် ဂွမ်မော်ကတော့ KIC ရဲ့ ဒုဥက္ကဋ္ဌ ၁ ရာထူး စတဲ့ ရာထူး ၅ နေရာအပြောင်းအလဲ ရှိခဲ့တာဖြစ်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #KIOခေါင်းဆောင်အပြောင်းအလဲ

Related posts

Leave a Comment

VOM News

FREE
VIEW