ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ကုလလုံခြုံရေးကောင်စီအဖွဲ့၀င်နိုင်ငံတွေရဲ့တိုက်တွန်းချက် ရုရှားပယ်ချ

ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁၄-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့၀င်တွေက ရုရှားကို တိုက်တွန်းလိုက်ပြီး ဒီကိစ္စကို ရုရှားက ပယ်ချလိုက်ပါတယ်။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်အပါအ၀င် အခြာနိုင်ငံတွေရဲ့ တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်က ကျင်းပရာမှာ အဖွဲ့၀င်နိုင်ငံတွေက အခုလိုက်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

နှစ်သစ်ကူးကာလအတွင်းမှာ ယူကရိန်းရဲ့အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်ခဲ့တဲ့အပေါ် လုံခြုံရေးကောင်စီအဖွဲ့၀င်နိုင်ငံတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ယူကရိန်းစစ်မြေပြင်မှာတိုက်ခိုက်နေတဲ့ ရုရှားကြေးစားစစ်သားကုမ္ပဏီကို မြောက်ကိုရီးယားက လက်နက်တွေ ထောက်ပံ့နေတယ်လို့ အမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးက ပြောပါတယ်။

လက်ရှိအချိန်ဟာ ကမ္ဘာ့နိုင်ငံတွေအားလုံး အတူတကွရပ်တည်ပြီး အသိဥာဏ်မဲ့စွာဆင်နွှဲခဲ့တဲ့ စစ်ပွဲအဆုံးသတ်ဖို့ ရုရှားကို တောင်းဆိုရမယ့်အချိန်ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါပေမယ့် ယူကရိန်းက ရုရှားကိုခြိမ်းခြောက်တဲ့အခြေအနေမျိုးအဆုံးသတ်တာနဲ့ စစ်ပွဲပြီးဖို့အခွင့်အလမ်းက သူ့အလိုလိုပေါ်လာလိမ့်မယ်လို့ ရုရှားသံအမတ်ဖြစ်သူ ဗက်စ်ဆေလီနီဘန်ဇီယားကတော့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW