ယူကရိန်းအတွက် လက်နက်ကြီးတွေ ထပ်မံထောက်ပံ့မယ်လို့ နိုင်ငံအများအပြား ကတိပြု

ကိဗ်ယက်၊ ဇန်နဝါရီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံကို နောက်ထပ်လက်နက်အကြီးစားတွေ ထောက်ပံ့ပေးဖို့ သမ္မတဇီလန်စကီးရဲ့တောင်းဆိုချက်ကို နိုင်ငံအများအပြားက လက်ခံသဘောတူလိုက်ကြပါတယ်။

အမေရိကန်ကတော့ သံချပ်ကာယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပါအ၀င် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။

ဗြိတိန်ကလည်း ရာနဲ့ချီတဲ့ဒုံးကျည်တွေ ယူကရိန်းကို ထောက်ပံ့ပေးမှာဖြစ်ပြီး ဥရောပနိုင်ငံအများအပြားကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ဖို့ ကတိပြုထားကြပါတယ်။

ယူကရိန်း လက်နက်တွေထောက်ပံ့ရေး က ညှိနှိုင်းအစည်းအဝေးကို နိုင်ငံပေါင်း ၅၀ ဂျာမနီမှာ ဇန်နဝါရီ ၂၀ ရက်က မပြုလုပ်ခင်မှာ အခုလို ကတိက၀တ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပိုလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဒိန်းမတ်၊ ချက်၊ အက်စတိုးနီးယား၊ နယ်သာလန်နဲ့ စလိုဗက်ကီးယားနိုင်ငံတို့ကလည်း ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW