တရုတ်နိုင်ငံ တိဗက်ဒေသရှိ အဝေးပြေးလမ်းပေါ်မှာ ဆီးနှင်းပြိုကျမှု လူ ၂၉ ဦးသေဆုံး

ပေကျင်း၊ ဇန်နဝါရီ-၂၁-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံ တိဗက်ဒေသရှိ အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဆီးနှင်းပြိုကျမှုအတွင်း ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်လိုက်ပြီး သေဆုံးသူ ၂၈ ဦးထက်မနည်းရှိကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၇ ရက်ညပိုင်းက နိုင်ငံအရှေ့တောင်ပိုင်း နင်ချီမြို့ရှိ ဥမင်လှိုဏ်ခေါင်းတခုရဲ့ ထွက်ပေါက်မှာ ဆီးနှင်းပြိုကျမှုကြောင့် မော်တော်ယာဉ်နဲ့ လူများစွာ ပိတ်မိနေခဲ့ပါတယ်။

ဆီးနှင်းပြိုကျမှုဟာ လေပြင်းတွေ အလွန်တိုက်ခတ်ခြင်းကြောင့်လို့ ဒေသခံကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ပိတ်မိနေသူများထဲမှာ အသက်ရှင်ကျန်ရစ်သူ ၅၃ ဦးကို တွေ့ရှိခဲ့ရပြီး သူတို့ထဲက ငါးဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသဆိုင်ရာအစိုးရတာ၀န်ရှိသူတဦးက ပြောပါတယ်။

၄ ဒသမ ၆၆ မိုင်အရှည်ရှိသော ဥမင်လှိုဏ်ခေါင်းကို တူးဖော်ပြီး ကယ်ဆယ်ရေးတွေဆောင်ရွက်ရာမှာ စက်ပစ္စည်းကိရိယာ ၂၃၆ ခုနဲ့အတူ ကယ်ဆယ်ရေးလုပ်သား ၁၃၄၈ ဦးပါ၀င်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဆီးနှင်းပြိုကျမှုကြောင့် တရုတ်နိုင်ငံအနောက်ပိုင်းရှိ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ တိဗက်ဒေသရှိ မိန်းလင်ခရိုင်နဲ့ မီဒေါ့ခရိုက်ရှိ ပိုင်မြို့ကိုဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးမှာ ဆက်သွယ်ရေးပြတ်တောက်ခဲ့ပါတယ်။

Ref:BBC
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW