နိုင်ငံကျော် ဓမ္မကထိက မြစင်္ကြာမဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသရဲ့ အန္တိမစျာပနအခမ်း အနားမြင်ကွင်း

နိုင်ငံကျော် ဓမ္မကထိက မြစင်္ကြာမဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသရဲ့ အန္တိမစျာပနအခမ်း အနားမြင်ကွင်း

စစ်ကိုင်း၊ ဇန်နဝါရီ- ၂၂- ၂၀၂၃
(Voice of Myanmar)

နိုင်ငံကျော် ဓမ္မကထိက မြစင်္ကြာကျောင်းတိုက်များရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ (သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ရဲ့ ရုပ်ကလာပ်တော် ပြင်ဆင်ထားမှုမြင်ကွင်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မြစင်္ကြာကျောင်းတိုက်ရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ(သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ဟာ မန္တလေးမြို့က ငြိမ်း အထူးကုဆေးရုံကြီးမှာ ဦးနှောက်ကျုံ့တဲ့ရောဂါအတွက် ဆေးကုသမှုခံယူနေရင်း ဇန်နဝါရီ ၁၇ ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဒီကနေ့နေ့လည် ၂ နာရီအချိန် ကျောင်းတိုက်အတွင်းကနေ ကရဝိတ်ယာဥ်နဲ့ ပင့်ဆောင်ပြီး စစ်ကိုင်းမြို့ ကမ်းနားလမ်းမှာ မီးပူဇော်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဘဒ္ဒန္တဣန္ဒကာဘိဝံသ ဆရာတော်ဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ် ခမည်းတော် ဦးကျော့ရွှေ၊ မယ်တော် ဒေါ်မြစိန်တို့က ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊ (၃-၁၀-၁၉၆၅) တနင်္ဂနွေ နေ့မှာ ဖွားမြင်ခဲ့ပြီး ၁၃၃၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့မှာ ငါန်းမြာကြီးရွာ စကြာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမဟာထေရ်ကို ဥပဇ္ဈာယ် ပြုလျက် မိဘနှစ်ပါးရဲ့ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

#မြစင်္ကြာကျောင်းတိုက် #Voiceofmyanmar #VOM #မြစကြာ #ဘဒ္ဒန္တဣန္ဒကာဘိဝံသ #ပျံလွန်တော်

Related posts

VOM News

FREE
VIEW