အာရှနွယ်ဖွားအများစုနေထိုင်ရာ မွန်တာရီပါ့ခတ်မှာ သေနတ်ပစ်ခတ်မှု လူ ၁၀ ဦးသေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့အနီးရှိ အကသင်တန်းခန်းမတခုမှ လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ သေနတ်သမားကို ဗင်ကားအဖြူရောင်တစီးပေါ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။

အသက် ၇၂ နှစ်အရွယ် ဟူချန်ထရန် ဆိုသူသေနတ်သမားဟာ သူ့ကိုယ်သူသေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

အာရှဒေသမှလူအများစုနေထိုင်ရာ မွန်တာရီပါ့ခ်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန် အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး ခုနှစ်ဦးဟာ ဆေးရုံမှာ ကုသမှုခံယူနေရဆဲဖြစ်ပြီး အချို့ကတော့ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

သေဆုံးသူ ၁၀ ဦးကို မည်သူမည်ဖြစ်ကြောင်း ဖော်ထုတ်နေဆဲဖြစ်သော်လည်း အမျိုးသားငါးဦးနဲ့ အမျိုးသမီး ငါးဦးပါ၀င်ကာ သူတို့အားလုံးဟာ အာရှနွယ်ဖွားတွေဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

သေနတ်သမားထံမှ ဆီမီးအော်တို ပစ္စတိုတစ်လက်ကို သိမ်းဆည်ရမိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားချိန်မှာ အခြားသေနတ်တွေကို အသုံးပြုခဲ့ခြင်းရှိမရှိ ရှင်းလင်းစွာမသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW