တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ ပြင်းထန်တဲ့အအေးလှိုင်းဖြတ်မှုနဲ့ ရင်ဆိုင်နေရ

ပြုးယမ်း၊ ဇန်နဝါရီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

ကိုရီးယားကျွန်းဆွယ်မှာ အအေးလှိုင်းတွေ ရိုက်ခတ်နေတဲ့အတွက် နိုင်ငံတွင်းမှာ ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတွေဖြစ်တဲ့ မြောက်ပိုင်းဒေသတွေမှာ အပူချိန်ဟာ အနှုတ် ၃၀ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ရေဒီယိုဌာနက ကြေညာထားပါတယ်။
ဒါ့အပြင် ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတွေတိုက်ခတ်မယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားမှာလည်း အအေးလှိုင်းသတိပေးချက်ထုတ်ပြန်ထားသလို တရုတ်နိုင်ငံမြောက်ပိုင်းမှာတော့ အပူချိန်ဟာ စံချိန်တင်ကျဆင်းနေပါတယ်။

ဂျပန်နိုင်ငံမှာလည်း ယခုသီတင်းပတ်အတွင်းမှာ ဆယ်စုနှစ်တခုအတွင်း အပူချိန်စံချိန်တင်ကျဆင်းနိုင်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အခြားနိုင်ငံတွေလို ဆိုးရွားတဲ့ရာသီဥတုတွေ ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူတွေအပေါ် သက်ရောက်မှုအခြေအနေတွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။

ရန်ဂန်၊ မြောက်ဟမ်ယောင်၊ တောင်ဟမ်ယောင်တို့လို ရာသီဥတုဆိုးရွားမှုနဲ့ ကြုံတွေ့ရလေ့ရှိတဲ့ ပြည်နယ်တွေဟာ နိုင်ငံမြောက်ပိုင်းမှာတည်ရှိနေပါတယ်။

၂၀၁၉ ခုနှစ်အတွင်းက ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ဖူးပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ တိုင်ဖွန်းမုန်တိုင်း ငါးကြိမ်၀င်ရောက်တိုက်ခတ်ခဲ့ပြီး အဆောက်အအုံတွေနဲ့ လမ်းတံတားတွေ ပျက်စီးခဲ့ပြီး ပြည်သူသောင်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့့ရပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW