လဟယ်မြို့နယ်မှာ နေအိမ် ၆၀ ကျော် မီးလောင်

ဖေဖော်ဝါရီ ၃ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ နာဂအုပ်ချုပ်ခွင့်ရ ဒေသ ၊ လဟယ်မြို့နယ် ၊ ဆော်လော်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ခန္တီးခရိုင်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

” မနေ့က ညပိုင်း ၆ နာရီကျော်မှာ မီးစလောင်တယ် ၊ ဦးလှဂျေးရဲ့နေအိမ် မီးဖိုချောင် မီးကြွင်း မီးကျန်ကနေ ကူးစက်လောင်ခဲ့တာဖြစ်တယ် ၊လူနေအိမ် ၆၀ မီးကူးစက်လောင်တာပါ ၊ ပျက်စီးဆုံးရှုံးမှု တန်းဖိုးကတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၇၀ ကျော်နဲ့ ၊ မီးဘေးဒုက္ခသည် ၃ ရာကျော်ကို လဟယ်မြို့ခံ ပရဟိတအဖွဲ့တွေက ယာယီကူညီကယ်ဆယ်ပေးထားရတယ်လို့ သိရပါတယ်။

မီးစတင်လောင်ခဲ့တဲ့ နေအိမ်က ဦးလှဂျေး ဆိုသူကို လဟယ်မြို့မရဲစခန်းက ပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်ကိုင်းတိုင်းထဲက ကျေးရွာပေါင်း ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး လူနေအိမ် ၁ ထောင်ကျော် ဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #လဟယ် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW